တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံခြင်း

0
648

ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး လတ်တလောအခြေအနေကို သိနိုင်ရန် ဖေဖော်ဝါရီလ ၁၀ ရက်က ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲလဲ့မော်အား မေးမြန်းခဲ့သည်ကို တနင်္သာရီ စာဖတ်ပရိသတ်များ သိနိုင်ရန် ဖော်ပြလိုက်ပါသည်။

တနင်္သာရီ။ ။ ဒီနေ့ ထိုင်းနိုင်ငံ က ပို့ဆောင်ရေးဝန်ကြီးနဲ့အဖွဲ့ တွေနဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါလဲ။
Dr.LLM။ ။ ရေနက်ဆိပ်ကမ်း အကြောင်းပါ။ ရေနက်ဆိပ်ကမ်းကို ဘယ်လိုလုပ်မလဲ။ ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုသွားမလဲ။ ITD ကုမ္ပဏီနဲ့ ဘယ် လိုမျိုး စာချုပ်တွေကို ပြင်ရမလား၊ ဒီအတိုင်းပဲ ထားရမလား ဆိုတာတွေ ဆွေးနွေးဖြစ်တာပါ။

တနင်္သာရီ။ ။ ထိုင်းဘက်က ဘာတွေ ကမ်းလှမ်းတာမျိုးရှိလဲ မသိ ဘူးခင်ဗျ။
Dr.LLM။ ။ မကမ်းလှမ်း ပါဘူး။ သူတို့ ITD ကတော့ သူတို့ရဲ့ စာချုပ်ကို ပြင်ချင်တာပေါ့နော်။ ကျွန်မ တို့ အခုလက်ရှိအချိန်ထိတော့ သဘော မတူသေးပါဘူး။

တနင်္သာရီ။ ။ ဘယ်စာချုပ်ကို ပြောတာလဲခင်ဗျ။
Dr.LLM။ ။ စာချုပ်တွေက တော့ အများကြီးပေါ့။ အရင်အစိုးရနဲ့ ချုပ်ထားတဲ့ စာချုပ်တွေက တစ်ပုံကြီး တောင်ရှိတယ်။ အဲဒီစာချုပ်တွေမှာ သူတို့ လိုအပ်တဲ့အချက်တွေကို ပြန်ပြင်စေချင် တာပေါ့။ အခုလက်ရှိကတော့ သဘော မတူသေးပါဘူး။

တနင်္သာရီ။ ။ သူတို့တွေက ဘယ် လိုအချက်တွေကို ပြင်ချင်တာပါလဲ။
Dr.LLM။ ။ အချက်တွေ က တော့ အများကြီးပဲ။ အများကြီးပဲ။ အများကြီးပဲ။ သူတို့ ပြင်ချင်တဲ့ အချက်တွေ ကလေ။ ဒါပေမယ့် သူတို့ အရင်အစိုးရနဲ့ စာချုပ်ချုပ်ကတည်းက သူတို့ ကြည့်ပြီး ချုပ်ရမှာလေ။ စာချုပ် ဆိုတာ ဒီလိုမျိုး တော်တော်ကြာရင် ပြင်လိုက်၊ တော်တော် ကြာရင်ပြင်လိုက် လုပ်လို့ မရဘူးလေ။ အရင်အစိုးရနဲ့ ချုပ်ထားတာ၊ အခုအစိုးရနဲ့ ပြင်မယ် ဆိုတာမျိုး ကျွန်မတို့ လက်မခံပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီပုံစံ အတိုင်း ပဲ ဆက်သွားရမှာ။

တနင်္သာရီ။ ။ ထားဝယ်- ထီး ခီး လမ်းအတွက်ကရော ထိုင်းအစိုးရ ဘက်က ဘာများပြောလာတာရှိလဲ။
Dr.LLM။ ။ သူတို့ကတော့ လုပ်ချင်တယ်။ Two Lane Road လုပ် ချင်တယ်ပေါ့နော်။ လုပ်ချင်တယ်ဆိုတော့ လမ်းအူကြောင်းကိစ္စနဲ့ ပက်သက်ပြီးနည်း နည်းလေးတော့ ဟိုသဘောထားကွဲလွဲမှု တွေ ရှိတယ်။ ကျွန်မတို့က ဒီလမ်း အူကြောင်းဟာ တောင်တွေ သိပ်စောက် အားကြီးလွန်းလို့ နည်းနည်းလေးပြင် စေချင်တာပေါ့နော် လမ်းအူကြောင်းကို။ အဲဒီဟာတွေကတော့ ဆွေးနွေးနေတုန်းပဲ။ သေချာတော့ ပြောလို့ မရသေးဘူး။

တနင်္သာရီ။ ။ ထိုင်းအစိုးရ ဘက်ကနေ ဒီလမ်းအတွက် ချေးငွေ ချေးမယ်လို့ ကမ်းလှမ်းထားတယ်လို့ သိထားပါတယ်။ အဲဒီဟာကရော။
Dr.LLM။ ။ ထိုင်းအစိုးရက ကမ်းလှမ်းနေတယ်လေ။ ကမ်းလှမ်း နေတာပဲ။ ယူသင့်မယူသင့်ကတော့ ကျွန်မတို့ စဉ်းစားရမှာပေါ့နော်။ ကျွန်မ တို့နဲ့ကတော့ သိပ်မဆိုင်ပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့က နိုင်ငံခြားရေး ဝန်ကြီးဌာနကို ချေးမှာပါ။ ဟိုက Mညေagန လုပ်ရမှာပေါ့နော်။

တနင်္သာရီ။ ။ မနေ့က ထား ဝယ် အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ဘယ်လို ဆက်လုပ်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချမယ်လို့ သိထားပါတယ်။ အဲဒီ မနေ့က ပွဲမှာရော ဘာတွေများ ဆုံးဖြတ် ခဲ့တာရှိလဲခင်ဗျ။
Dr.LLM။ ။ ဆုံးဖြတ်ချက် ကတော့ ကြီးကြီးမားမား မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာချုပ်တွေကို ပြီးခဲ့တဲ့ အစိုးရနဲ့ကိုပဲ ချုပ်ထားတဲ့ စာချုပ် တွေကို Dနအငေူ ပြန်လေ့လာလို့ မပြီး သေးလို့ပါ။ စာချုပ်တွေကလည်း အရမ်း များတယ်။ နောက်ပြီးတော့ အကြောင်း အရာတွေကလည်း အဲလိုမျိုး တစ်ခါလာ တစ်ခါတစ်မျိုး ဖြစ်နေတော့ လေ။ ခုနက စာချုပ်ထဲမှာပါတဲ့ ITD က ပြင်ခိုင်းတဲ့ ကိစ္စတွေကိုတော့ မပြင်ဖို့တော့ ဆုံးဖြတ် ပါတယ်။ နောက်ပြီးတော့ ချေးငွေကိစ္စ ကတော့ မပြတ်သေးပါဘူး။ ချေးငွေကိစ္စ မပြတ်ဘူးဆိုတာက ခုနကလမ်းအူကြောင်း နဲ့ ပတ်သက်ပါတယ်။ နောက်ပြီးတော့ သူတို့မှာ Phase နှစ်ခုရှိတယ်။ Initial Phase နဲ့ Full Phase ။ Initial Phase က ITD နဲ့လုပ်မယ်။ Full Phase ကတော့ ဂျပန်ပါဝင်ပြီးလုပ်ဖို့ အဲဒါတော့ ဆုံးဖြတ် လိုက်ပါတယ်။

တနင်္သာရီ။ ။ မနေ့ကအစည်း အဝေးမှာ ဆုံးဖြတ်ခဲ့တာလားခင်ဗျ။
Dr.LLM။ ။ ဟုတ်ပါတယ်။

တနင်္သာရီ။ ။ မနေ့က အစည်း အဝေးကို ဘယ်သူတွေများ တက်ခဲ့သလဲ။
Dr.LLM။ ။ ကျွန်မပါတယ်။ ဇုန် ၃ ဇုန်စလုံးက ပါတယ်။ သီလဝါ ရော၊ ကျောက်ဖြူရော ထားဝယ်ရော ဇုန်ဥက္ကဋ္ဌတွေပဲ ပါတယ်။ ဇုန်ကော်မတီ တွေမပါဘူး။ ဝန်ကြီးချုပ် ၃ ပါးပါ တယ်။ ရန်ကုန်၊ ရခိုင်ရယ်၊ ကျွန်မ ရယ်ပေါ့နော်။ ပြည်ထောင်စုဝန်ကြီး တွေပါပါတယ်။

တနင်္သာရီ။ ။ ဇန်နဝါရီလ ၂၉ ရက် နေ့တုန်းက ဂျပန်အစိုးရဝန်ကြီးချုပ်ရဲ့ အကြံပေးအဖွဲ့လာတယ်လို့ သိရတယ်။ ဝန်ကြီးချုပ်လည်း သွားတက်တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာရော ဘာတွေ ထူးခြားတာရှိလဲ မသိဘူးခင်ဗျ။
Dr.LLM။ ။ ဒါက ထူးခြား ပါတယ်။ ကျွန်မက ဒီကိစ္စကို ထားဝယ် အထူးစီးပွားရေးဇုန်ကိစ္စကိုပဲ အထူး တလည်သွားတာ မဟုတ်ဘူး။ တနင်္သာရီ တိုင်းတစ်တိုင်းလုံးမှာ ရင်းနှီးမြှုပ်နှံဖို့ သွားတာပါ။ စီးပွားရေးဇုန် ကိစ္စကတော့ ထားဝယ် စီးပွားရေးဇုန် ကော်မတီ ရှိတယ်။ ကော်မတီက လုပ်လိမ့်မယ် ပေါ့နော်။ ကျွန်မကတော့ တနင်္သာရီတိုင်း စီးပွားရေးတွေ ဘယ်လိုမြင့်တက်အောင် လုပ်မလဲ။ မီးအားရှိအောင် ဘယ်လို လုပ်မလဲ။ ဒေသမှာ ရော်ဘာတွေကို ကုန်ချော ဘယ်လိုထုတ်လုပ်မလဲ။ အဲဒီ အတွက် သွားတာပါ။ စီးပွားရေးဇုန် ကိစ္စသီးသန့် မဟုတ်ပါဘူး။

တနင်္သာရီ။ ။ ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံပွဲမှာ ဂျပန်ဘက်က စီမံကိန်းပုံစံအသစ်ကို တင်မယ်လို့ သတင်းကြိုထွက်ထားတာ ရှိတယ်။ အဲဒီ ဆွေးနွေးပွဲမှာ စီမံကိန်းပုံစံအသစ်တင် ဖြစ်လား ခင်ဗျ။
Dr.LLM။ ။ စီမံကိန်း ပုံစံသစ် တင်မယ်လို့ ဘယ်သူက ပြောတာတုန်း။

တနင်္သာရီ။ ။ သတင်းတွေ ကြို ထွက်နေတာရှိလို့ပါ ခင်ဗျ။
Dr.LLM။ ။ မဟုတ်ပါဘူး။ စီမံကိန်း အသစ်ကြိုထွက်တယ် ဆို တာ မရှိပါဘူး။ တနင်္သာရီတိုင်းမှာ ဘယ်လို မျိုး ဏမသာသအန လုပ်မလဲဆိုတာကိုပဲ ဆွေးနွေးတာပါ။ စီမံကိန်းနဲ့ မဆိုင်ပါဘူး။

တနင်္သာရီ။ ။ စီမံကိန်းနဲ့ ပတ် သက်ပြီး ဘာများပြောချင်တာရှိပါသလဲ ခင်ဗျ။
Dr.LLM။ ။ ပြောစရာကတော့ အခုလောလောဆယ်တော့ အကြီး အကျယ်တော့ ပြောလို့ မရသေးဘူးပေါ့ နော်။ ဒီစာချုပ်တွေကို သေချာလေ့လာ ပြီးတော့မှပဲ အဖြေတစ်ခု ထွက်မှာပေါ့ နော်။

တနင်္သာရီ။ ။ လက်ရှိအစိုးရ သက်တမ်းထဲမှာ စီမံကိန်းကို အကောင် အထည်ဖော် ဖြစ်မလားခင်ဗျ။
Dr.LLM။ ။ အကောင်အထည် က ဖော်မယ်လေ။ ဖော်ဖို့ပဲ လုပ်နေတာပဲ။ ဖော်ဖို့ပဲ တာစူနေတယ်။ တာစူနေတယ် ဆိုတော့ ဆွေးနွေးညှိနှိုင်းမှုတော့ရှိတာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ITD က Construction လုပ်တဲ့ ကုမ္ပဏီလေ။ ITD က Investor မဟုတ်ဘူး။ သူက ဆောက်လုပ်ရေးပဲ လုပ်တာ။ ဒီရေနက် ဆိပ်ကမ်းကို သူရင်းနှီးမြု§ပ်နှံမှုမှာ အား နည်းတယ်။ ဒီအတွက်ကြောင့် ဘယ်သူ့ ကို ခေါ်ထည့်ရမလဲ။ ဘယ်ဝါ့ကို ခေါ် ထည့်ရမလဲ စသဖြင့် ဒါတွေအများကြီး ဆွေးနွေးရဦးမယ်လေ။

တနင်္သာရီ။ ။ ခုနက ပြောခဲ့တာ Initial Phase က ITD က လုပ်မယ်ပေါ့ နော်။ Full Phase မှာကတော့ ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံပါလာဖို့ ရှိသေးလား ခင်ဗျ။
Dr.LLM။ ။ တခြားနိုင်ငံ မပါပါဘူး။ ထိုင်းရယ်၊ မြန်မာရယ်၊ ဂျပန်ရယ်လုပ်မှာပါ။

တနင်္သာရီ။ ။ တခြားဖြည့်စွက် ပြောချင်တာ ရှိပါသလားခင်ဗျ။
Dr.LLM။ ။ မရှိပါဘူး။
တနင်္သာရီ။ ။ ကျေးဇူးတင်ပါတယ်။