ထားဝယ်ကမ်းနားလမ်းကို စည်ပင်က အပြီးဆက်ခင်းမည်

0
419

ထားဝယ်မြို့ ကမ်းနားလမ်းကို အပိုင်းနှစ်ပိုင်းခွဲပြီး ကွန်ကရစ်လမ်းခင်း နေရာ ကမြောကင်းတံတားဘက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဘတ်ဂျက်ဖြင့် လုပ်နေသည့် အပိုင်းကို စည်ပင်သာယာရေး အဖွဲ့က လာမည့် မတ်လအတွင်း အပြီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရ သည်။

လမ်းအရှည် ၁ မိုင်ရှိသည့် အဆိုပါ လမ်းပိုင်းကို ကျေးလက် ဘတ်ဂျက်ဖြင့် ခိုင်စံအိမ်ကုမ္ပဏီက တာဝန်ယူ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ၁၈ ပေ အကျယ် လမ်းကို (လမ်းဧရိယာ၏ တစ်ဝက်) ၉ ပေသာ လုပ်ဆောင်ပြီးစီးသေး သည်။နောင်အချိန်တွင် မြို့ပတ်လမ်း အဖြစ် အသုံးပြုရန်အတွက် လမ်းခံနိုင် ဝန်ကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ပြီး ကုမ္ပဏီက ဆက်မလုပ်နိုင်တော့သဖြင့် တိုင်းအစိုးရက စည်ပင်အဖွဲ့ကို ဆက် လုပ်စေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” အင်နဲ့အားနဲ့ ဦးစားပေးလုပ်ပြီး မတ်လ ပထမပတ်အတွင်း အပြီးလုပ် သွားမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ လမ်းပိုင်းကို ကျေးလက် ဘတ်ဂျက်ဖြင့် ခိုင်စံအိမ်ကုမ္ပဏီက ခွင့်ပြုငွေကျပ် ၂၂၃.၂၇၅ သန်းဖြင့် အကျယ် ၁၈ ပေရှိသည့် ကွန်ကရစ်လမ်း ကို လုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

၃ မိုင်ခန့် အရှည်ရှိသည့် ထားဝယ် ကမ်းနားလမ်းကို ပြီးခဲ့သည့် အစိုးရ လက်ထက်က ၆ ဖာလုံခင်းထားပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင် ကျေးလက် ဘတ်ဂျက်ဖြင့် လမ်းအရှည် ၁ မိုင်နှင့် စည်ပင်အဖွဲ့က ၁.၄ မိုင်ကို ကွန်ကရစ် လမ်းအဖြစ် ဆက်ခင်းနေခြင်း ဖြစ်သည်။တစ်ဝက်တစ်ပျက်သာ ခင်းပြီး သည့် အဆိုပါလမ်းပိုင်းတွင် ဆိုင်ကယ် မတော်တဆ တိမ်းမှောက်မှုများ မကြာ ခဏ ဖြစ်ပွားလျက်ရှိသည်။