ခုခံအားကျဝေဒနာရှင်များ လာရောက်တည်းခိုမှု သိသိသာသာ လျော့နည်းလာ

0
445

ခုခံအားကျဝေဒနာရှင်များ ဆေးရုံ တက်ကုသချိန်နှင့် ဆေးဝါးလာရောက် ထုတ်ယူချိန်တွင် ခေတ္တခဏ လာရောက် တည်းခိုလေ့ရှိသည့် အနာဂတ်အလင်းရောင် ဘ၀တူကူညီပံ့ပိုးရေး တည်းခိုဆောင်တွင် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ လာရောက် တည်းခိုသူ သိသိသာသာ လျော့နည်းလာ ကြောင်း ထားဝယ်မြို့ရှိ အနာဂတ် အလင်းရောင် ဘ၀တူကူညီပံ့ပိုးရေးအဖွဲ့ ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလခန့်တွင် တစ်ရက်လျှင် ၃၀ ဦးခန့်အထိ လာ ရောက် နားခိုလေ့ရှိရာမှ လက်ရှိ အချိန် တွင်မူ တစ်လလျှင် ၃၀ ဦးခန့်သာ လာရောက်တည်းခိုတော့ကြောင်း အနာဂတ်အလင်းရောင် ဘ၀တူ ကူညီ ပံ့ပိုးရေးအဖွဲ့ ဦးဆောင် တည်ထောင် သူထံမှ သိရသည်။ယခင်က ခုခံအားကျ(HIV) ရောဂါ ထိန်းချုပ်ဆေးဝါးကို ထားဝယ် ၄ မြို့နယ်အပါအဝင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဝေဒနာရှင်များ ထားဝယ်မြို့တွင် လာ ရောက်ထုတ်ယူချိန်၌ လာရောက် နားခို လေ့ရှိပြီး လက်ရှိအချိန်တွင် သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးထုတ်ယူနိုင်ပြီ ဖြစ် သည့်အတွက် ယင်းကဲ့သို့ လျော့နည်းလာ ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ကို ဦးဆောင်တည်ထောင်သူ ဦးဇော်ထွန်း ကဆိုသည်။

” သုံးလလောက်အထိ လချီနေတဲ့ သူရှိသလို သုံးရက် အနည်းဆုံး နေကြ တယ်” ဟု ဦးဇော်ထွန်းက ပြောသည်။လာရောက်တည်းခို နားနေသူများ ကို တစ်ဦးလျှင် တစ်နေ့တာအတွက် ဆန်တစ်ဘူး၊ ဆီ ၅ ကျပ်သား၊ ချက် ပြုတ်မည့် အိုးခွက် ပန်းကန်ပစ္စည်းနှင့် အိပ်ယာ၊ ခြင်ထောင် အစရှိသည့် အသုံး အဆောင် ပစ္စည်းများ ထောက်ပံ့ပေး ကြောင်း ၎င်းကဆိုသည်။

ယခင်က ဆေးရုံတက်စရိတ်၊ လမ်းစရိတ်များ ထောက်ပံ့ပေးခဲ့သော် လည်း လက်ရှိအချိန်တွင်မူ HIV ရောဂါ နှင့် ပတ်သက်သည့် အသည်းအားဆေး အတွက် ငွေကြေးထောက်ပံ့မှုသာ ဆောင် ရွက်နေကြောင်း ဦးဇော်ထွန်းက ပြော သည်။ခုခံအားကျဝေဒနာရှင်များကို ကူညီပေးနေသည့် အနာဂတ်အလင်း ရောင် ဘ၀တူကူညီပံ့ပိုးရေးအဖွဲ့ကို ပြီးခဲ့ သည့် ၂၀၀၉ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ပြီး ငွေကြေးနှင့် ဆန်၊ ဆီ လှူဒါန်းလိုပါက လာရောက် လှူဒါန်း နိုင်ပြီး HIV နှင့် ပတ်သက်သည့် လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွား မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရ သည်။