ကမ်းနားလမ်းပြင်က လမ်းဘေးဈေးဆိုင်များ ဖယ်ပေးရမည်

0
393

ကော့သောင်းမြို့နယ် ၊ အဏ္ဏဝါရပ် ကွက် ကမ်းနားလမ်းကို အကြီးစားပြင် ဆင်ပါက ယင်းလမ်းပေါ် ရောင်းချနေ သည့် ပျံကျဈေးဆိုင်များ နေရာဖယ်ပေးရ မည်ဟု ကော့သောင်းမြို့နယ် စည်ပင် သာယာရေးကော်မတီထံမှသိရသည်။

လက်ရှိတွင် ဈေးသည်များအား ခေါ်ယူ အသိပေးထားပြီး စီမံကိန်း မစမီ တစ်ပတ်အလိုတွင်လည်း အသိပေး သွားမည်ဟု အထက်ပါ ကော်မတီမှာ သိရသည်။
ပျံကျဈေးသည် ၅၀ ကျော် ပြောင်း ရွှေ့ရမည်ဖြစ်ပြီး ဈေးသည်များအနေဖြင့် နေရာသစ်ကို အချိန်ယူရှာနိုင်ရန်အတွက် ယင်းသို့ အသိပေးခြင်းဖြစ်ကြာင်း ကော့ သောင်းမြို့နယ် စည်ပင်သာယာရေးကော် ဥက္ကဋ္ဌက ဆိုသည်။

“ကျွန်တော်တို့ ဈေးသယ်အတွက် အဆင်ပြေနိုင်မယ့်နေရာတစ်ခုကို ဖန်တီး ပေးရင် သိပ်ကောင်းမှာပဲ” ဟု ဈေးသည် တစ်ဦးဖြစ်သည့် ဦးခင်မောင်ဇော်က ဖွင့်ဟသည်။လမ်းပြင်မည့်အချိန်ကို အတိအကျ မသိသေးဘဲ လမ်းချဲ့သည့်အပြင် ရေ ထိန်းနံရံ၊ ရေဆင်းတံတားနှင့် အများ ပြည်သူနားနေဆောင် ဆောက်လုပ် ရန်လျာထားသည်ဟု သိရသည်။

ကမ်းနားလမ်းတွင် ထိုင်းသို့သွား သည့် ကူတို့ဆိပ်ရှိပြီး နေ့စဉ် ခရီးသည် များနှင့် စည်ကားလျက်ရှိသည်။