ကြားဖြတ်တင် ပရိုဘောက်ကားများကြောင့် အဝေးပြေးယာဉ်လိုင်းများ အခက်တွေ့

0
376

လိုင်းမဝင်ထားသည့် ပရိုဘောက် ကားများက ခရီးသည်များအား လမ်းကြုံ ကြားဖြတ်တင်နေသည့်အတွက် အဝေး ပြေးယာဉ်လိုင်းများ အခက်တွေ့နေသည် ဟု ကော့သောင်းမြို့ အဝေးပြေးယာဉ် လိုင်းများထံမှ သိရသည်။

ပရိုဘောက်ကားများက တရားဝင် သတ်မှတ်ထားသည့် ယာဉ်စီးခ နှုန်းထား ထက် လျော့ယူ ပို့ဆောင်သည့်အတွက် အဝေးပြေးယာဉ်လိုင်းများ ခရီးသည် သိပ်မရတော့ဟု ယင်း အသိုင်းအဝိုင်းမှ သိရသည်။”ကားအသင်းတွေ အစည်းအဝေး တွေ ခေါ်တဲ့အခါ ဒီကိစ္စ ခဏခဏ တင်ပြတယ်၊ ဒါပေမဲ့ ထိထိရောက်ရောက် တားဆီးပေးတာမျိုး မရှိသေးဘူး” ဟု ထွန်းတောက်ဝင်း ယာဉ်လိုင်း ဂိတ်မှူး ဦးဝတုတ်က ဆိုသည်။ယာဉ်စစ်ဆေးခြင်းအား လုပ် ဆောင်နေသော်လည်း စစ်သည့် အချိန် တွင် ကားများက ရှောင်ကွင်း သွားကြ သည်ဟု ကော့သောင်းမြို့နယ် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်ဇော်အောင်က ဆိုသည်။

ယခုလအတွင်း ရှောင်တခင် စစ်ဆေး ရန်လည်းရှိသည်ဟု ၎င်းက ပြောသည်။ “ခရီးသည်တွေ ကိုယ်တိုင်က မိသားစု စုပြီး ခရီးထွက်တယ်ပြောတော့ ကျွန်တော်တို့ဘက်ကလည်း အလုပ် သဘောရ ဆောင်ရွက်ရတာ နည်းနည်း ခက်တယ်” ဟု ၎င်းကပြောသည်။
ကော့သောင်းမှ အခြားမြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်း ၂၉လိုင်း ရှိသည်ဟု ကော့သောင်းမြို့နယ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန ထံမှ သိရသည်။