ကျွန်းစုတွင် သတ္တုတွင်းကုမ္ပဏီက ရွာသား ၃ ဦးကို တရားစွဲ

0
397

ကျွန်းစုမြို့နယ် ယမုံ ကျေးရွာတွင် သတ္တုတွင်းတူးဖော်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် ရွှေပင်လယ် ကုမ္ပဏီက ရွာသား ၃ ဦးကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားကြောင်း တရားစွဲဆို ခံထားသူများမှ သိရသည်။

တရားစွဲဆိုခံထားရသည့် ယမုံ ဒေသခံ ဦးစိုးထွန်း၊ ဦးကြင်သန်းနှင့် ဦးမြင့်စိုးတို့အား ဖေဖော်ဝါရီလ ၆ ရက်တွင် ကျွန်းစုမြို့နယ် တရားရုံးသို့ ဆင့်ခေါ်ထားကြောင်း ကာယကံရှင်များ ထံမှ သိရသည်။တရားစွဲဆိုခံထားရသူများအနက်မှ တစ်ဦးဖြစ်သည့် ဦးစိုးထွန်းက ယမုံ ကျေးရွာရှိ သတ္တုတွင်းတူးဖော်ရေး ကုမ္ပဏီများအနက် မည်သည့်ကုမ္ပဏီက မည်သည့်အတွက်ကြောင့် တရားစွဲဆို ထားသည်ကို လောလောဆယ် မသိရှိ ရသေးဟု ပြောသည်။

“ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ တရား စွဲဆို ထားတာပါ”ဟု ရွှေပင်လယ် သတ္တုတူးဖော်ရေးကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးစိုးရီက ပြောသည်။
ရွှေပင်လယ်နှင့် ငွေကမ္ဘာ သတ္တု တူးဖော်ရေး ကုမ္ပဏီတို့က ယမုံ၊ သင်္ကန်းရှောင်နှင့် ဆင်အိုင်ကျေးရွာတို့နေ တောင်သူများတို့၏ လယ်ယာဥယျာဉ်ခြံ မြေများတွင် ပြီးခဲ့သည့် ၅ နှစ်ဝန်း ကျင်ခန့်က သတ္တုတူးဖော်လုပ်ငန်းများ ဝင်ရောက်လုပ်ခဲ့ဟုဆိုကာ ကုမ္ပဏီနှင့် ရွာသားများကြားတွင် မြေယာအငြင်း ပွားမှု ရှိနေပြီး ကုမ္ပဏီများဘက်ကမူ အငြင်းပွားမြေယာများအတွက် နစ်နာ ကြေး ပေးအပ်ထားပြီးဖြစ်ကြောင်း ပြော သည်။

ရွာသားများဘက်ကမူ ယခင်က နစ်နာကြေးယူခဲ့သည်မှာ ကြောက် စိတ်ဖြင့် ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် နစ်နာကြေးအပြည့်အဝ ပြန်လည်ရလို သည်ဟု ရွာသားတချို့နှင့် သင်္ကန်း ရှောင်ရွာနေ ဒေါ်ပုအေးက ပြောသည်။လက်ရှိအထိလည်း တောင်သူ များ၏ ဥယျာဉ်ခြံမြေများအတွင်း လုပ် ငန်းများ ဝင်ရောက်လုပ်ကိုင်ခြင်း၊ မှတ် တိုင်များ စိုက်ထူခြင်းတို့ ရှိနေသေး ကြောင်း ၎င်းတို့က ပြောသည်။

“တိုင်စာတွေက သမ္မတရုံးအထိ သုံးကြိမ်တင်ထားတယ်။ ဌာနဆိုင်ရာ တွေလည်း လာစစ်ပြီးပြီ၊ ဒါကို ထပ်တိုင် နေတော့ အမှုသွား ဖွင့်လိုက်တယ်” ဟု အထွေထွေမန်နေဂျာ ဦးစိုးရီက ပြော သည်။အဆိုပါယမုံကျေးရွာတွင် ငွေကမ္ဘာ ကုမ္ပဏီမှ အကြီးစားလုပ်ကွက် ၈၁၂ ဧက၊ ရွှေပင်လယ် ကုမ္ပဏီလီမိတက်က အသေးစား၂၄၅ ဧကနှင့် အကြီးစား လုပ်ကွက် ၅၇၂ ဧက၊ အောင်ညီအစ် ကိုများကုမ္ပဏီက ၄၂ ဧကနှင့် ခဲမဖြူ သတ္တု သဘာဝ သယံဇာတ ပစ္စည်း ကုမ္ပဏီက ၉၈ ဧက တို့ကို သတ္တုတူး ဖော်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထား ကြောင်း မြိတ်မြို့နယ် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှ သိရသည်။