မြီးကောင်ပေါက်စ ကျောင်းသားသစ် လာမည့်နှစ် ပခုက္ကူ ဘက လက်မခံ

0
410

ထားဝယ် ပခုက္ကူကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက)တွင် ၂၀၁၇- ၁၈ ပညာသင်နှစ်၌ အရွယ်ဝင်စ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသားသစ်များ လုံးဝ လက်ခံ တော့မည် မဟုတ်ဟု ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။


အရွယ်ဝင်စ ကျောင်းသား၊ ကျောင်းသူအသစ်များတွင် အကျင့်ဆိုး တစ်ခုခု ပါလာတတ်သည့်အတွက် ကျောင်းသား ဟောင်းများထံ မကူးစက် ရန် အန္တရာယ် ကြိုတားသည့်သဘောဖြင့် လက်မခံတော့ခြင်းဖြစ်ကြောင်း ဆရာတော် က မိန့်ကြားသည်။
“ဆိုဆုံးမ မလိုက်နာသူတွေ အပြင် က မနိုင်လို့ ကျောင်းမှာ လာအပ်တာ ရှိတယ်၊ ဆိုးဆိုးဝါးဝါးတွေ မဖြစ်အောင် နည်းတစ်မျိုးအနေနဲ့ စမ်းသပ်တားမြစ် တာပါ” ဟု ဆရာတော်က မိန့်သည်။

 
နောင်နှစ်တွင် မူလ ကျောင်းသား ဟောင်းများကိုသာ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။
ပခုက္ကူကျောင်းတိုက်ဝင်းအတွင်းတွင် (ဘက) အလယ်တန်းကျောင်း ဖွင့်လှစ်ထားပြီး အထက်တန်းနှင့်   တက္ကသိုလ်  ကျောင်းသူကျောင်းသားများ ကိုလည်း ကျောင်းအိပ်ကျောင်းစား ပညာ သင်ကြားပေးနေကြောင်း သိရသည်။
အရွယ်ရောက်ပြီး ကျောင်းသူ ကျောင်းသားများကြား အဓိကပြဿနာ မှာ လက်ကိုင်ဖုန်း သုံးစွဲမှုဖြစ်ပြီး မူး ယစ်ဆေးမှအစ အဝတ်အစား၊ လူနေမှု စရိုက် အတုအပ များပြားလာကြခြင်း ဖြစ်သည်ဟု ဆရာတော်က မိန့်ကြား သည်။

 
” ဖုန်းနဲ့ အချိန်းအချက်လုပ်ပြီး ကျောင်းပြင် ခိုးထွက်တာတွေပေါ့၊ မိဘ ဆီက ဖုန်း မရမက ပူဆာ၊ ဖုန်းလည်း ရရော ကလေးက ပျက်စီးရော” ဟု ဆရာတော်က မိန့်သည်။ပခုက္ကူကျောင်းတွင် (ဘက)ကျောင်း အား ၁၉၉၂ ခုနှစ်မှ စတင် တည်ထောင် ခဲ့ပြီး ယခုနှစ်တွင် ပဉ္စမ တန်းမှ တက္ကသိုလ် အထိ ကျောင်းသူ ကျောင်းသား ၂၄၀ ဦး ကျောင်းအိပ် ကျောင်းစား နေထိုင် ပညာသင်ယူနေသည်။