ဆိပ်ကမ်းသာပန်းခြံ အဆင့်မြှင့်ရန် ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေအသုံးပြုခွင့် အဆိုပြုမည်

0
397

ဆိပ်ကမ်းသာ ပန်းခြံ အဆင့် မြှင့်တင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ အသုံးပြုခွင့်ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စည်ပင် ကော်မတီ ထံမှ သိရှိရသည်။


ဆိပ်ကမ်းသာ ပန်းခြံအတွင်းရှိ လူသွားလမ်း ပလက်ဖောင်းချဲ့ရန်၊ ပန်း ခြံ ခြံစည်းရိုးခတ်ရန်၊ ပန်းခြံတွင်း ကလေးကစားကွင်း ပစ္စည်းများနှင့် ကျန်းမာရေး အထောက်ကူပြု ပစ္စည်းများ ထည့်သွင်းရန်အတွက် တောင်းဆိုသွား မည်ဟု အဆိုပါကော်မတီထံမှ သိရ သည်။

 
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများအား နေ့စဉ်ကောက်ခံနေသည့် နယ်စပ်ဖြတ် သန်းခများမှ ၁၀ ရာခိုင်နှုန်းကို သတ် မှတ်ထားခြင်းဖြစ်ပြီး ရရှိရန်ပုံငွေများအား ဒေသတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်များတွင် အသုံးပြုခွင့်ရမည်ဖြစ်ကာ မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်သာ သုံးစွဲရမည်ဖြစ် ကြောင်း မြို့နယ် စည်ပင်သာယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းငွေသုံးစွဲခွင့်ကို သက်ဆိုင်ရာ စည်ပင်ကော်မတီအဆင့်ဆင့်အပြင်၊ တိုင်းအစိုးရအဖွဲ့ထံသို့လည်း တင်ပြရ မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။