အသက် ၉၀ ကျော်အရွယ် ဘိုးဘွားများကိုထောက်ပံ့ရန် ညွှန်ကြားချက် မရောက်သေးဟုဆို

0
341

အသက် ၉၀ ကျော်အရွယ် ဘိုးဘွား များကို ထောက်ပံ့ကြေး ပေးရန်အတွက် လက်ရှိအချိန်ထိ တရားဝင်ညွှန်ကြားစာ မရောက်လာသေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ထံမှ သိရသည်။


အသက် ၉၀ ကျော် အဘိုးအဘွား များကို လာမည့် ဧပြီလမှ စပြီး တစ်လ လျှင် ငွေကျပ် ၁ သောင်း ထောက်ပံ့ ပေးသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းစာ များတွင် ဖော်ပြထားသည်။” အခုထိ ညွှန်ကြားချက်တော့ မလာသေးဘူး” ဟု တနင်္သာရီတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဇန်နဝါရီလ ၂၆ ရက်တွင် ပြောသည်။

 
ဘိုးဘွားများကို ထောက်ပံ့ကြေး ပေးမည်ဟု သတင်းအရသာ သိထားရပြီး ပေးဖြစ်မည်ဆိုပါက လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရောက်မှသာ ပေး နိုင်လိမ့်မည်ဟု တိုင်းဦးစီးမှူး ဒေါ်ခင် စန်းရီက ဆိုသည်။ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် တိုင်းအတွင်းရှိ အသက် ၉၀ နှင့် ၁၀၀ ကြားရှိ ဘိုးဘွား ၈၇၁ ဦးကို တစ်နှစ်အတွက် တစ်ဦးလျှင် ငွေကျပ် ၁သောင်းခွဲ ထောက်ပံ့ပေးခဲ့ပြီး အသက် ၁၀၀ ကျော်ဘိုးဘွား ၈၂ ဦးကို တစ်နှစ်အတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ထောက်ပံ့ ခဲ့ဖူးကြောင်း အထက်ပါဌာနထံမှ သိရသည်။
ယင်းအချိန်က ထောက်ပံ့ကြေးပေး ရန် စာရင်းကောက်ယူရာတွင် ကျန်ခဲ့ သည့် ဘိုးဘွားများရှိသည့်အတွက် စာရင်းကောက်ယူချိန်တွင် အားလုံး ပူးပေါင်းပါဝင်ကာ ကူညီစေလိုကြောင်း ဒေါ်ခင်စန်းရီက ပြောသည်။”ဝေးလံခေါင်ဖျားတဲ့ ထားဝယ် အရှေ့တောနယ်ဘက်မှာ ကျန်ခဲ့တာ ရှိပေမဲ့ ဒီတစ်ခါတော့ မကျန်အောင် ဂရုစိုက်သွားမယ်”  ဟု တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်စန်းရီက ဆိုသည်။

 
ထောက်ပံ့ကြေးရရှိစေရန်အတွက် ဘိုးဘွားများ၏ အသက်အရွယ် ထောက် ခံချက်ဖြစ်သည့် မှတ်ပုံတင်၊ အိမ်ထောင် စုစာရင်းရှိရမည်ဖြစ်ပြီး မရှိသည့် ဘိုး ဘွားများကို သက်ဆိုင်ရာ လ၀က ဌာန နှင့် ပူးပေါင်းကာ ကွင်းဆင်း ဆောင်ရွက် ပေးကြောင်း တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာနထံမှ သိရသည်။

 
ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ကောက် ခံခဲ့သည့် သန်းခေါင်စာရင်းအရ တိုင်း အတွင်း အသက် ၉၀ နှင့်အထက် ဘိုးဘွား ၂၆၃၂ ဦးရှိပြီး ကျေးလက်တွင် နေထိုင်သူ ၁၈၆၃ ဦးရှိကာ မြို့ပြတွင် ၇၆၉ ဦးရှိသည်။