ကြက်ဆူစေ့စားမိသည့် ကလေး ၁၆ ဦး အစာအဆိပ်သင့်

0
380

ကြက်ဆူသီး ခူးစားရာမှ ကလေး ငယ် အချို့ အစာ အဆိပ်သင့်မှုတစ်ခု ကော့သောင်းခရိုင်၊ ပြည်ကြီး မဏ္ဍိုင် မြို့နယ်၊    တောင်ငယ်ရွာတွင် ဖြစ်ပွား ခဲ့ကြောင်း  ယင်းကျေးရွာ ရွာသူ^ရွာသား များထံမှ သိရသည်။


ဇန်နဝါရီလ ၂၂ရက်၊ ညနေ ၅ နာရီအချိန်တွင် ကလေးငယ်များသည် ကစားရာမှ  ခြံစည်းရိုးတစ်လျှောက် စိုက်ပျိုးထားသော ကြက်ဆူပင်မှ ကြက်ဆူသီးများကို ခူးစားရာမှ မူးဝေ အော့အန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
အသက် ၂ နှစ်မှ ၁၃ နှစ်အထိ ယောင်္ကျားလေး ၉ ဦး၊ မိန်းကလေး ၇ ဦး စုစုပေါင်း ၁၆ ဦးကို ပြည်ကြီး  မဏ္ဍိုင် မြို့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရ ကြောင်း ယင်းရွာသား ဦးရွှေက ဆိုသည်။ကလေးအားလုံး စိုးရိမ်ရသည့် အခြေအနေတွင် မရှိဟု သိရသည်။