တနင်္သာရီတွင် စိတ်ကြွဆေးပြားနှင့် ICE များ ဖမ်းမိ

0
436

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် ဇန်နဝါရီလ ၂၁ရက်က WY စိတ်ကြွဆေးပြား ၂၀၀ ကျော်နှင့်  Iဃန များ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ သိရသည်။


ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများမှာ WY  စိတ်ကြွဆေးပြား ၂၆၁ ပြားနှင့်  ICE  အမျိုးအစား မူးယစ်ဆေးဝါး ၂၀.၈၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၂၀ ကျော်နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများ ရှာဖွေသိမ်းဆီးရမိခဲ့ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

 
အဆိုပါ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူအား တနင်္သာရီမြို့မ ရဲစခန်းက မယ(ပ) ၁ / ၂၀၁၇၊  မူး /  စိတ်ပုဒ်မ ၁၅ / ၁၉(က)အရ အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။