တိုင်းတွင်း မူးယစ်ဆေးဖြတ်လုပ်ငန်း ပြန်ဆန်းစစ်မည်

0
540

တနင်္သာရီတိုင်းအတွင်း မြို့နယ် အချို့တွင် လုပ်ဆောင်လျက်ရှိသည့် ဆေးဖြတ်လုပ်ငန်း အောင်မြင်မှုရှိ၊ မရှိကို ပြန်ဆန်း စစ်ကာ လာမည့် ၂ ပတ်အတွင်း တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ် ကြောင်းတနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။


ဆေးဖြတ်သူများ အမှန်တစ်ကယ် ဆေးပြတ်ခြင်း ရှိ/မရှိ နှင့် အကျိုးရှိ၊ မရှိကို ခရိုင်အလိုက် ပြန်ဆန်းစစ်ခိုင်း ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ပြော သည်။ ” ဒီထက်ပိုကောင်းအောင် ဘယ်လို လုပ်မလဲ၊ ဘယ်လိုစောင့်ကြည့်မယ်၊ ဘယ်လို စိစစ်မယ်၊ အားသာချက် အား နည်းချက်တွေကို ပြန်သုံးသပ်မယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

 
တိုင်းအတွင်းရှိ မြို့နယ် ၅ ခုတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ စတင် ဆေးဖြတ်ပေးခဲ့ရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ ဆေးဖြတ်လူနာ ၅၆၉ ဦး ရှိခဲ့သည်။ဆေးဖြတ်သူအများစုမှာ    ဘိန်းစာရွက် သုံးစွဲသူသာ များပြားပြီး ပြန် လည်သုံးစွဲခြင်း ရှိ၊ မရှိ ကဲ့သို့ သော အောင်မြင်မှုကို မှန်းဆရခက်ခဲသည့် အတွက် ပြန်လည်ဆန်းစစ်ခြင်း ဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။
တနင်္သာရီမြို့နယ်နှင့် ကျွန်းစု မြို့နယ်များတွင်ဘိန်းစာမှုန့်ကို အပင် ပန်းခံနိုင်သည်ဟုဆိုကာ သုံးစွဲကြလေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။