ကော့သောင်း-ဘုတ်ပြင်းလမ်း ယာဉ်တိမ်းမှောက်မှုဖြစ်၊ ၄ ဦး ပွဲချင်းပြီး သေဆုံး

0
487

ကော့သောင်း-ဘုတ်ပြင်း ကား လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့ပြီး လူ ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း ခမောက်ကြီးနယ်မြေ ရဲစခန်းမှ သိရသည်။


ဇန်နဝါရီ ၁၉ ရက် ညနေက ကော့သောင်း – ဘုတ်ပြင်း မိုင်တိုင် ၂၂၄၇ တွင် ယာဉ် ၂ စီး ရှောင်စဉ် ချိတ်မိပြီး တစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်နေသူတစ်ဦးအား ဝင်တိုက်မိကာ လမ်းဘေးသို့ ထိုးဆင်း တိမ်းမှောက်သွားခဲ့ကြောင်း အထက်ပါ ရဲစခန်းမှ သိရသည်။
တိမ်းမှောက်သည့် ယာဉ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အပါအဝင် ၇ ဦး ပါလာသည်။

 
တိမ်းမှောက်သည့် ယာဉ်ပေါ် လိုက်ပါလာသူများအနက် ၃ ဦးနှင့် လမ်းဘေးတွင် ရပ်နေသူတစ်ဦးတို့ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန် ၃ ဦးမှာ အရေးပေါ်လူနာအဖြစ် ကော့သောင်းပြည်သူ့ဆေးရုံတွင် ဆေး ကုသနေရကြောင်း သိရသည်။

 
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများတွင် ၆ နှစ်နှင့် ၉ နှစ် အရွယ် ကျောင်းသူ ၂ ဦး ပါဝင်ခဲ့ပြီး ယာဉ်မောင်းအား ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။