ပွဲတော်များတွင် ကံစမ်းမဲ လုပ်ခွင့်မပြုတော့

0
422

ဘုရားပွဲ အပါအဝင် ပွဲတော်များ တွင် ကံစမ်းမဲပြုလုပ်ပြီး အလှူခံခြင်းကို လုပ်ခွင့်မပြုတော့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရ သည်။


ပွဲတော်များတွင် ကံစမ်းမဲပြုလုပ်၍ အလှူခံခြင်းမှာ ဥပဒေနှင့် မညီသည့် အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင် ဘာလ ၉ ရက်က သက်ဆိုင်ရာ မြို့ နယ်နှင့် ခရိုင်အသီးသီးကို ညွှန်ကြား ထားကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
” ဘာဖြစ်လို့လဲ ဆိုတော့ ဒါက လောင်းကစားထဲမှာ ပါလို့ တားမြစ် လိုက်တာပါ” ဟု တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။

 
သက်ဆိုင်ရာမှ ခွင့်ပြုချက်ယူပြီး ဘုရားဝေယျာဝစ္စအတွက် ကံစမ်းမဲ လုပ်ကာ လက်မှတ်ရောင်းချပြီးမှ ယင်း ကဲ့သို့ တားမြစ်လိုက်သည့်အတွက် ဦးဆောင်သူများ ဂုဏ်သိက္ခာ ကျခဲ့ရ ကြောင်း သရက်ချောင်းမြို့နယ်အတွင်းရှိ မဟာဝေပုလ္လဘုရားစေတီ ဂေါပက အဖွဲ့ဝင် ဦးမြင့်ဆွေက ဆိုသည်။

 
ကံစမ်းမဲမရောင်းရန် ကြိုတင် ထုတ်ပြန်ခြင်း မရှိဘဲ ရုတ်တရက် တားမြစ်လိုက်ခြင်း ဖြစ်သည်။ ” မလုပ်ခင် ကြိုတင်ပြီး တားမြစ် သင့်တယ်၊ အခုက လုပ်ပြီးမှဆိုတော့ ဆုံးရှုံးမှုတွေ ဖြစ်လာတယ်” ဟု ဦးမြင့် ဆွေက ပြောသည်။” မလိုလားအပ်တဲ့ ပြဿနာတွေ လည်း မဖြစ်လာနိုင်တော့ဘူးပေါ့၊ အား လုံးတစ်ပြေးညီ ဖြစ်ဖို့တော့ လိုတယ်” ဟု ဦးကျော်ဦးက ပြောသည်။
ထားဝယ်ဒေသရှိ ဘုရားပွဲများ အပါအဝင် ပွဲတော်များတွင် ကား၊ ဆိုင်ကယ်များ ပါသည့် ကံစမ်းမဲလုပ်ကာ ရန်ပုံငွေ ရှာဖွေလေ့ရှိသည်။