သီတဂူမှ အထွေထွေရောဂါများ အခမဲ့ ခွဲစိတ်ကုသမည်

0
374

ထားဝယ်မြို့ သီတဂူ အာရော ဂျဒါန ဆေးရုံတော်၏ ၁၁ ကြိမ်မြောက် ကျမ်းမာရေး အလှူအဖြစ် အထွေထွေ ရောဂါများ အခမဲ့ ခွဲစိတ်ကုသပေးမှုကို ဖေဖော်ဝါရီလ ၃ ရက်မှ ၇ရက်အထိ ပြုလုပ်ပေးသွားမည်ဟု သီတဂူ အကျိုး တော်ဆောင်အဖွဲ့ထံမှ သိရသည်။


ခွဲစိတ်သမားတော်ကြီး ဒေါက်တာ မြသိန်းဟန်အဖွဲ့နှင့် အမေရိကန်နိုင်ငံ Aloha Medical Mission အဖွဲ့မှ ခွဲစိတ်သမား တော်ကြီးများ ဦးဆောင် သော ၁၇ ဦးပါ ခွဲစိတ်အဖွဲ့တို့က အထူး ကုဆရာဝန်များနှင့် ပူးပေါင်းကာ စမ်းသပ်ခွဲစိတ်ပေးမည်ဟု သိရသည်။
စမ်းသပ်ခွဲစိတ်ပေးမည့် ရောဂါ များမှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ် ရှိ အဖုအကျိတ်အလုံးများ၊ လည်ပင်းကြီး၊ အူကျ၊ မုတ်၊ လိပ်ခေါင်း၊ အူအတက်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ စသည့် ရောဂါများပါဝင်ပြီး နှလုံး၊ ဆီးချို၊ ကျောက်ကပ် ရောဂါများကိုလည်း စမ်းသပ်ကုသပေးမည်ဟု သိရသည်။

 
ဘာသာ လူမျိုးမရွေး လာရောက် ကုသနိုင်ပြီး အထွေထွေ ဝေဒနာရှင် များအနေဖြင့် ဘုမ္မော်ရပ် ကျန်းမာရေး လမ်း၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၊ သီတဂူ အာရောဂျဒါန ဆေးရုံတွင် ဇန်နဝါရီ ၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်အထိ လာရောက်စမ်းသပ်ကာ  ခွဲစိတ်ရန် ကြိုတင် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။