” ကျွန်းနဲ့ ဘယ်လောက်ကွာမှာ ငါးဖမ်းရမယ်ဆိုတာ သတ်မှတ်ချက် မရှိ “

0
373

ကမ်းနီး၊ ကမ်းဝေးနှင့် ၁၀ မိုင်ဆိုသည်မှာ-
၁။ ကမ်းနီးငါးလုပ်ငန်းဆိုသည်မှာ ၁၉၉၀ မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂(ည) အရ မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက်တွင် ညွှန်ကြား ရေးမှူးချုပ်က ကမ်းနီးဒေသဟု သတ်မှတ်ပေးသည့် နေရာများတွင် လုပ်ကိုင်သော ငါးလုပ်ငန်းများကို ဆိုလို သည်။


၂။ ညွှန်ကြားရေးမှူးချုပ်က ကမ်းနီး ငါးလုပ်ငန်းရေပြင်ကို ကမ်းခြေ အခြေခံမျဉ်း(ရေစစ်မျဉ်း)မှ ရေပြင်ကို ၁၀ မိုင်အတွင်းဟု သတ်မှတ်ထားသည်။
၃။ ကမ်းဝေးငါးလုပ်ငန်းဆိုသည်မှာ အထက်ပါဥပဒေပုဒ်မ ၂(ဋ) အရ ကမ်းနီးငါးလုပ်ငန်းရေပြင် ၁၀ မိုင် အပြင်ဘက်မှနေ၍ သီးသန့်စီးပွား ရေးဇုန်(EEZ)အထိဟု သတ်မှတ်ပေး ထားသည်။
၎။ သီးသန့်စီးပွားရေးဇုန်(EEZ)ဆိုသည်မှာ ကမ်းခြေ အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့မျဉ်းမတ် အနေအထား ဖြင့် ရေမိုင် ၂၀၀ အထိ ကျယ်ဝန်းသော နယ်နိမိတ်ကို ဆိုလိုသည်။
၅။ ကမ်းနီးငါးဖမ်းရေယာဉ်အား အလျား ၃၀ ပေ၊ မြင်းကောင်ရေ ၂၅ ကောင်၊ ယင်းလှေ၏ အထက် လှေများ အား ကမ်းဝေးငါးဖမ်းရေယာဉ်အဖြစ် သတ်မှတ်ထားသည်။
၆။ ကမ်းနီးငါးဖမ်းလှေများအား နယ်မြေ သတ်မှတ်မထား ( ကမ်းဝေး ငါးလုပ်ငန်းဧရိယာသို့ ထွက်ဖမ်းနိုင် သည်)။
၇။ ကမ်းဝေးငါးဖမ်းလှေများအား ငါးဖမ်းကိရိယာကြီးမားခြင်း၊ ငါးသား ဖွားရာ နေရာများ မပျက်စီး လိုခြင်း တို့ကြောင့် ကမ်းနီးငါးလုပ်ငန်း ဧရိယာ အတွင်း ဖမ်းခွင့် မပြု။
အချက်အလက်များကို တိုင်းဒေသ ကြီးငါးလုပ်ငန်းဦးစီးဌာနမှ ရယူသည်။