ဇနီးဖြစ်သူကခင်ပွန်းအား ကတ်ကြေးဖြင့်ထိုး

0
363

လင်မယား စကားများရာမှ ဇနီး ဖြစ်သူက ခင်ပွန်းဖြစ်သူအား ကတ်ကြေးဖြင့် ထိုးမှုတစ်ခု ကျွန်းစု မြို့နယ် မဲတောကျေးရွာအုပ်စု၊ စစ်ပုကျေးရွာတွင် ဒီဇင်ဘာလ ၁၈ ရက်၊ ည ၇ နာရီ ခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထံမှ သိရသည်။

ဇနီးဖြစ်သူ၏ ထွက်ဆိုချက်အရ ခရုဝယ်ယူရာတွင် စရံငွေပေးထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ် ရာမှ ယင်းသို့ အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ် ကြောင်းစစ်ပုရွာရာအိမ်မှူး ဦးသန်းထွန်းဦးက ပြောပြသည်။

အခင်းဖြစ်ချိန်တွင် ခင်ပွန်းဖြစ်သူမှာ အရက်မူးနေသည်ဟု အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်က ပြောသည်။
ဒဏ်ရာရသည် ခင်ပွန်းဖြစ်သူအား မြိတ်ဆေးရုံကြီးသို့ စက်လှေဖြင့် တင်ပို့လာစဉ် ဒဏ်ရာမှာ စိုးရိမ်ရပြီး အခြေအနေ မဟန်သည့်အတွက် ရွာသို့ပြန်လှည့်လာရာ ည ၁၀ နာရီကျော် အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း ဦးသန်းထွန်းဦးက ပြောသည်။
လက်ရှိတွင် ဇနီးဖြစ်သူအား ကံမော်နယ်မြေရဲစခန်းမှ (ပ)၅၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ် ၃၀၂ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။