စားသုံးရန်မသင့်သော ငရုတ်သီးမှုန့်များ မွန်ဈေးကွက်အတွင်း စတင်သိမ်းဆည်း

0
486

မွန်ပြည်နယ် ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးရန် မသင့် သော ငရုတ်သီးမှုန့် အမှတ်တံဆိပ်များကို စတင်စစ်ဆေး သိမ်းဆည်းနေကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာန ထံမှ သိရသည်။

ဗဟိုအစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးမှ နမူနာယူစစ်ဆေး ထားချက်အရ တစ်နိုင်ငံလုံးတွင် ကျန်း မာရေးနှင့် မညီညွတ်ဘဲ စားသုံးရန် မသင့်သည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၁ မျိုးရှိပြီး ၎င်းအနက် မွန်ပြည်နယ်မှ ၇ မျိုး ပါဝင်သည်ဟု သိရသည်။
ဈေးကွက်အတွင်းက စားသုံးရန် မသင့်သည့် ငရုတ်သီးမှုန့်အမှတ် တံဆိပ် များကို ဒီဇင်ဘာ ၂၀ ရက်မှစပြီး မော်လမြိုင် အမှတ် ၁ ဈေးနှင့် အမှတ် ၂ ဈေးတို့တွင် စစ်ဆေး သိမ်းဆည်း ခဲ့ကြောင်း မွန်ပြည်နယ် အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီး ဌာန တာဝန်ခံ ဒေါက်တာစိုးနိုင်က ပြော သည်။

” မနေ့က စစ်ဆေးသိမ်း ယူခဲ့ တာ အမှတ်တံဆိပ် ၃ မျိုး ရတယ်” ဟု ၎င်းက ပြောသည်။သိမ်းဆည်းထားသည့် အမှတ် တံဆိပ် ၃ မျိုးမှာ ရွှေကျီး ငရုတ်သီးမှုန့်၊ စိန် ငရုတ်သီးမှုန့်နှင့် ညွန့် အမှတ်တံဆိပ် ငရုတ်သီးမှုန့်တို့ဖြစ်ပြီး ကျန်အမှတ် တံဆိပ်များ သိမ်းဆည်းယူမှု မရှိသေး သည့်အတွက် ထုတ်ပြောရန် အဆင် မပြေသေးကြောင်း ဒေါက်တာစိုးနိုင်က ပြောသည်။

FDI ထောက်ခံချက်မပါသည့် ငရုတ်သီးမှုန့်များသည် လူကို အဆိပ် အတောက်ဖြစ်စေပြီး ကျန်းမာရေး ထိခိုက်နိုင်သည့်အတွက် ယခုကဲ့သို့ စစ်ဆေး သိမ်းဆည်းခြင်းဖြစ်သည်ဟု မော်လမြိုင်မြို့နယ် ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေး ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လွင်က ပြောသည်။
Aflatoxas B1 ပါဝင်သည့် ငရုတ်သီးမှုန့်ကို စားသုံးမိသူများသည် အသဲခြောက်ရောဂါ၊ အသဲကင်ဆာရောဂါ အပြင် အသဲနှင့် ပတ်သက်သည့် ရောဂါ များကို ဖြစ်စေသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲ ရေးဦးစီးဌာထံမှ သိရသည်။

ငရုတ်သီးမှုန့်အပါအဝင် အစား အသောက်ကို အဆိပ်တောက်ဖြစ်စေ သည့် မှိုများပါဝင်သည့် အလှော်နှင့် အထောင်းမှုန့်များကို မော်လမြိုင်မြို့တွင် သာမက မွန်ပြည်နယ် ၁၀ မြို့နယ်လုံး တွင် ဒီဇင်ဘာ ၂၀ ၇က်နေ့မှစပြီး လက် ကားရောင်းချနေသည့် ဆိုင်များအထိ သက်ဆိုင်ရာမြို့နယ်အဖွဲ့တို့က စစ်ဆေး သိမ်းဆည်းသွားမည်ဟု သိရသည်။