မောင်ကြီးခေါ်ရာ မလိုက်သော ကြောင့် ဓားဖြင့်အထိုးခံရ

0
506

အိမ်ပေါ်မှ ဆင်းသွားသော ဇနီးဖြစ် သူကို ပြန်ခေါ်ရာ မလိုက်သဖြင့် ဓားဖြင့် ထိုးမှုတစ်ခု ကရသူရိမြို့နယ်၊ အေးမြသာ ရွာတွင် ဒီဇင်ဘာလ ၆ရက်နေ့က ဖြစ် ပွားခဲ့သည်။

စိတ်ဆိုးကာ အိမ်ပေါ်ကဆင်းသွား သည့် ဇနီးဖြစ်သူ ဈေးရောင်း နေရာသို့ လိုက်ခေါ်ရာ မပေါင်းနိုင်ဘူး မလိုက်နိုင် ဘူး ဟု ငြင်းဆန် သည့်အတွက် အသင့် ပါလာသည့် အရိုး ၃ လက်မ ၊ အသွား ၇ လက်မခန့်ရှိ ဓားဦးချွန်ဖြစ် ထိုးခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

အမျိုးသမီးတွင် ဝဲဘက်နံကြား အောက် ထိုးသွင်းဒါဏ်ရာ တစ်ချက် ရရှိခဲ့သောကြောင့် စိုးရိမ်ရ အနေအထား ဖြင့် ကော့သောင်း ခရိုင်ပြည်သူ့ဆေးရုံ တွင် ဆေးဝါး ကုသမှု ခံယူလျက် ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူကဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် အမျိုးသား ဖြစ်သူကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ရဲစခန်းထံမှသိရသည်။