ကလွင်ရွာတွင် ဓားကိုင်ရမ်းကားမှု အများဆုံး

0
402

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တွင် ဓားကိုင်ရမ်းကားမှု အများဆုံးဖြစ် ကြောင်း မြိတ်မြို့နယ် ရပ်၊ ကျေး အုပ် ချုပ်ရေးမှူး အသိုင်းအဝိုင်းထံမှ သိရ သည်။

မြိတ်မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုအနက် ကလွင် ကျေးရွာအုပ်စုတွင် ထိုသို့ အများဆုံး ဖြစ်နေပြီး အုပ်ချုပ်ရေးမှူး တာဝန် စယူသည့် ၇ လအတွင်း ဓားကိုင်ရမ်း ကားမှု ၁၀ ခုကျော်ရှိကြောင်း ကလွင်နယ် မြေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောကြားသည်။

ရန်းကားသူ အချို့ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးပြီး အချို့မှာ အမှုရင်ဆိုင် နေကြကြောင်း ကလွင်နယ်မြေ အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။

ရန်ဖြစ်စကားများရာမှ ဓားဆွဲ ထုတ်ကာ ခုတ်ခြင်း၊ ရန်ပြုခြင်းတို့ကို အမှုဖွင့်ဆောင်ရွက်ထားပြီး ရပ်ကွက် အတွင်း အရက်သေစာသောက် စားထား ပြီး ဓားဖြင့် ခြိမ်းခြောက်ခြင်းနှင့် အချိန် မတော် ကိုယ်ပေါ်ဓားများတွေ့ရှိခြင်းတို့ ကို အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက် မှတ် ရေးထိုးစေခဲ့ကြောင်း ကလွင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရမ်းကားသူအများစုက အရက်နဲ့ မူးယစ်ဆေးဝါးများသုံးစွဲထားတဲ့ သူတွေ ဖြစ်နေတယ်”  ဟု ကလွင်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။

မူးယစ်ဆေးဝါးများ သုံးစွဲထား သည်ဟုဆိုသော်လည်း ကိုယ်ပေါ်တွင် လက်ဝယ်တွေ့ရှိခြင်းမရှိသည့်အတွက် အရေးယူဆောင်ရွက်၍ မရသည့် အနေ အထားတွင်ရှိနေကြောင်း ဦးရန်နိုင်စိုးက ပြောပြသည်။

မြိတ်တောင်နယ်မြေတွင်မူ ရန်ဖြစ် စကားများရာမှ ဓားများအသုံးပြုသဖြင့် ဖွင့်ထားသော အမှု သုံးခုရှိကြောင်း မြိတ်တောင်နယ်မြေ အုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြောပြသည်။

အခြားရပ်ကွက် ကျေးရွာများတွင်မူ ဓားကိုင်ရမ်းကားမှုမှတ်တမ်း မရှိသ လောက်ဖြစ်သည်။

မြိတ်မြို့နယ်အတွင်း လူငယ်များ အကြား မူးယစ်ဆေးဝါးများ တွယ်ကျယ် စွာအသုံးပြုမှုများရှိလာပြီး မူးယစ်ဆေး ဝါးများကြောင့် ဓားကိုင်ရမ်းကားမှုများ၊ ဖောက်ထွင်းမှုများ၊ လုယက်မှုများမကြာ မကြာ ဖြစ်ပေါ်နေရကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရ သည်။