ကျောင်းနှင့် လောကဇာတ်ခုံ

0
545

ကျောင်းတွင်းဒီမိုကရေစီ အောင်မြင် ရေးအတွက် ကျောင်းလောကသည် ပြင်ပ လောကနှင့် ဆက်စပ်နိုင်သမျှ ဆက်စပ်ရ မည်ဖြစ်၏။ ကျောင်းသူ၊ ကျောင်းသားများ သည် ကျောင်းလောက၏ ပြဿနာရပ်များ ကို ရင်ဆိုင်ရာတွင် ပြင်ပလောက၏ ပြဿနာရပ်များကိုပါ လေ့လာနိုင်သ လောက် လေ့လာရပေမည်။

သို့မှသာလျှင် ကျောင်းသူ၊ ကျောင်းသားဘ၀သည် လော ကကြီးကို ရင်ဆိုင်နိုင်ရန် အတွက် သင် ခန်းစာပေးသော ဘ၀ဖြစ်ပေမည်။

ကျောင်းသူကျောင်းသားများသည် ရံဖန်ရန်ခါ ကျောင်းဝင်းပြင်ပရှိ လောက လုပ်ငန်းများကို လေ့လာကြည့်ရှုသင့်၏။ ဆေးရုံများ၊ အလုပ်ရုံများ၊ လယ်ယာများ၊ စာတိုက်များ၊ ရုံးများ၊ ရဲဌာနများ မြူနီစီ ပါယ်အဖွဲ့များ၊ မီးသတ်ဌာနများ၊ ဆိပ် ကမ်းများ၊ မီးရထားရုံးများ စသည်တို့ကို သွားရောက်လည်ပတ်၍ လေ့လာလျှင် စာတွေ့ထက် ထူးခြားပိုမိုသော အသိ ဥာဏ်တစ်မျိုးကို ရရှိပေမည်။ ထိုသို့သွား ရောက်လည်ပတ်ရာတွင် သက်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်များလိုက်ပါရန် အထူးအရေးကြီးပေသည်။ ၎င်းတို့ ကိုယ်တိုင် ရှင်းလင်းပြောပြခြင်းသည် အရေးကြီးသော အချက်အလက်များကို မှန်ကန်စွာ ရှင်းလင်းပြောကြားခြင်းဖြစ်သ ဖြင့် ဗဟုသုတလည်းတိုး၍ ကလေးသူငယ် များ၏ စိတ်တွင်လည်း စွဲလမ်းခြင်း ဖြစ် ပေမည်။ အထက်ပါ နေရာများသို့ ကြိုတင် စီစဉ်မှုမရှိဘဲ သွားရောက်လည်ပတ်ပြီး လျှင် သာမန်ကာလျှံကာ ကြည့်ရှုခြင်းမျိုး သည်ကား အကျိုးမရှိသည့်အပြင် ကျောင်းသူ ကျောင်းသား ကလေးများ၏ စိတ်တွင် သာမန်ကာလျှံကာ ကြည့်တတ်သော စိတ်ထားမျိုး ပေါ်ပေါက်စေတတ်၏။ ထို့ကြောင့် စေ့စေ့စပ်စပ် ကြည့်ရှုလေ့ လာနိုင်ရန် အရေးကြီးပေသည်။

 

ထိုသို့ ကြည့်ရှုပြီးနောက် စိတ်တွင် မည်မျှစွဲလမ်းသည် မည်ကဲ့သို့ စွဲ့လမ်း သည်ဟူသော အချက်ကို စစ်ဆေးနိုင် ပေသည်။ စစ်ဆေးသော နည်းမှာ အမျိုး မျိုးရှိ၏။ ပထမနည်းမှာ ထိုသို့ သွား ရောက်ကြည့်ရှုပြီးနောက် ကျောင်းသို့ပြန် ရောက်လာကြသောအခါ၊ ကိုယ်တွေ့ ဗဟုသုတများကို ပြန်လည်ရေးသားစေ ခြင်းဖြစ်၏။ ဒုတိယနည်းမှာ သွားရောက် လည်ပတ်စဉ်၌ပင် မိမိတို့ရေးသားလိုသော မှတ်စုများကို မိမိတို့သaဘောအတိုင်း ရေးသားစေခြင်းဖြစ်၏။ တတိယနည်းမှာ သွားရောက်လည်ပတ်ပြီးနောက် ဗဟုသု တဆွေးနွေးနှီးနှောပွဲမျိုး အနေနှင့် ကျောင်းသားအချင်းချင်း ပြောဆိုဆွေး နွေးခြင်းပင် ဖြစ်ပေသည်။

 

ထိုသို့ သွားရောက်လည်ပတ်နိုင်ရန် အတွက်ကျောင်းသားဟောင်းများအသင်း သည်များစွာ အကူအညီပေးနိုင်ပေမည်။ ဥပမာ ကျောင်းသားဟောင်းတဦးသည် မီးသတ်ဌာနတွင် ဝင်ရောက်လုပ်ကိုင်နေ သူဖြစ်မူ ၎င်းကပင် ရှေ့ဆောင်၍ ကျောင်း သားငယ်များကို စုရုံးခေါ်ဆောင်ပြီးလျှင် မီးသတ်လုပ်ငန်း အရပ်ရပ်ကို ရှင်းလင်း ပြောပြ ပေးနိုင်ပေသည်။ ကျောင်းသား ဟောင်းတဦးသည် မြူနီစီပါယ်ရုံးတွင် လုပ်ကိုင်နေသူ ဖြစ်လျှင် (ဝါ) မြူနီစီပါယ် လူကြီးတစ်ဦးဦးဖြစ်နေလျှင် ကျောင်း သားငယ်များကို စုရုံးခေါ်ဆောင်၍ မြူနီ စီပါယ်အဖွဲ့၏ လုပ်ငန်းများကို ရှင်းလင်း ပြောပြနိုင်ပေသည်။

 

ထိုသို့သွားရောက်၍ ကိုယ်တိုင် ကြည့်ရှုခြင်းသည် ကျောင်းသင်ပညာရပ် များနှင့် လည်းဆက်စပ်၍ ရပေသည်။ ဥပမာ အခြေခံဓနဗေဒပညာ၊ ပြည်သူ့နီတိ ပညာ စသည်တို့ကို စာတွေ့သင်ကြားပြီး နောက် ငါတွေ့လည်း ဆက်စပ်၍ သင် ကြားလျှင် စိတ်ထဲတွင် ပိုမိုစွဲမြဲစေလိမ့် မည်။ ပြည်သူ့နီတိပညာတွင် အခွန်တော် အကြောင်း သင်ကြားပို့ချပြီးနောက်၊ အခွန်တော်ဌာနသို့ ကျောင်းသူ ကျောင်း သားများကို ခေါ်ဆောင်လျက် အခွန် တော်အရာရှိက လက်တွေ့ရှင်းလင်း ပြောပြခြင်းမျိုးသည် စာတွေ့နှင့် ကိုယ် တွေ့ပညာများကို ဆက်စပ်ပေးခြင်းပင် ဖြစ်၏။ ရဲသားများ၏ လုပ်ငန်းကို စာတွေ့သင်ကြားပြီးနောက် ရဲဌာနသို့ သွားရောက်ပြီးလျှင် လွန်ခဲ့သော တစ်ပတ် အတွင်း ရဲအရာရှိများ ရဲသားများက ရာ ဇဝတ်မှုများကို မည်သို့နှိမ်နှင်း ကာကွယ် ခဲ့ရသည့်အကြောင်းများကို ရှင်းလင်းပြော ပြလျှင် ကလေးသူငယ်တို့၏ စိတ်တွင် ပိုမိုစွဲလန်းပေမည်။ ထိုကဲ့သို့ ကိုယ်တွေ့ လေ့လာစေခြင်းအားဖြင့် ငြိမ်ဝပ်ပိပြား ရေးကိစ္စများတွင် ပိုမိုဂရုပြုလာမည့်အပြင် ရဲသားများ၏ လုပ်ငန်းကိုလည်း ပိုမိုနား လည်လာမည်ဖြစ်၏။

 

ရံဖန်ရံခါ ကျောင်းသူ ကျောင်းသား များသည် မိမိတို့ရပ်ရွာမှ ထွက်ခွာ၍ ရာ ဇဝင်နှင့် ပတ်သက်သော အဆောက်အဦး များ၊ သစ်တောလုပ်ငန်း၊ လယ်ယာလုပ် ငန်း၊ သတ္တုတွင်းလုပ်ငန်း စသည်တို့ကို သွားရောက် ကြည့်ရှု လေ့လာသင့်သည်။ ရာဇဝင်နှင့် ပတ်သက်သော အဆောက် အဦးများနိုင်ငံသမိုင်းသင်ကြားရာတွင် များစွာအထောက်အပံ့ ဖြစ်စေနိုင်သည့် အပြင် သစ်တော်လုပ်ငန်း၊ လယ်ယာလုပ် ငန်း၊ သတ္တုတွင်းလုပ်ငန်း စသည်တို့သည် တိုင်းပြည်၏ စီးပွားရေးပညာကို လေ့လာ ရာတွင် အထောက်အပံ့ဖြစ်စေ၏။ မြန်မာ နိုင်ငံ၏ သယံဇာတ ပစ္စည်းများ ကြွယ်ဝ ပုံကို စာအုပ်ဖြင့်သာ သင်ကြားခြင်းထက် ကိုယ်တွေ့ပြသသင်ကြားနိုင်လျှင် မျိုးချစ် စိတ် ပိုမိုထက်သန်မည်သာမက မမေ့ ပျောက်နိုင်သော လက်တွေ့ဗဟုသုတ များလည် ရရှိနိုင်ပေမည်။

 

ကျောင်းသား ကျောင်းသူများအား သတင်းစာဂျာနယ် မဂ္ဂဇင်းများ ဖတ်ရှုစေ ခြင်းသည်လည်း လောကဇာတ်ခုံ အ ကြောင်းကို သင်ကြားပြသခြင်းပင်တည်း။ စာနယ်ဇင်းများကို လိမ္မာပါးနပ်စွာ ဖတ်ရှုနိုင်အောင် လမ်းပြပေးနိုင်လျှင် မိမိတို့၏ တိုင်းပြည်ရေးရာများသာမက ကမ္ဘာ့ရေးရာများတွင်လည်း ပိုမိုစိတ်ဝင် စားကြမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးတွင် မည်ကဲ့သို့ ဖြစ်ပျက်လျက် ရှိသည်။ မည်ကဲ့သို့ တိုးတက်လျက်ရှိ သည်ဟု ဗဟုသုတအမျိုးမျိုး ရရှိကြ မည်ဖြစ်သဖြင့် အထက်တန်းကျောင်းသား များသည် စာနယ်ဇင်များဖတ်လိုသော အကျင့်ဖြစ်ပေါ်အောင် ဖန်တီးပေးသင့်သည်။

 

အချုပ်အားဖြင့်ဆိုသော် ကျောင်း တွင်းလောကသည် ပြင်ပလောကနှင့် နီး စပ်နိုင်သမျှ နီးစပ်စေရမည်။ ကျောင်း တွင်းလောကသည် ပြင်ပလောကဇာတ်ခုံ ၏ တစိတ်တဒေသ ဖြစ်စေရမည်။ ကျောင်း လောကသည် ပြင်ပလောကနှင့် အဆက် ပြတ်၍ ထီးတည်းတည်ရှိနိုင်သော လောက မဟုတ်ပေ။ ပြင်ပလောက ဆိုသည်မှာ လည်း မိမိတို့၏ နိုင်ငံတစ်ခု တည်းကိုသာ ကွက်၍မြင်ရသော ကျဉ်းမြောင်းသည့် လောကမျိုး မဖြစ်စေသင့်ပေ။ ကမ္ဘာ လောက တစ်ခုလုံးကို ခြုံ၍မြင်နိုင်သော ကျယ်ဝန်းသည့် လောကမျိုးသာ ဖြစ်သင့် ၏။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် တနေ့ထက်တနေ့ ပိုမိုရင်းနှီးစွာ ဆက်ဆံ လာကြရသည် ဖြစ်ရကား တိုင်းစိတ်ပြည် စိတ် မွေးမြူရုံမျှမက ကမ္ဘာစိတ်ကိုလည်း မွေးမြူနိုင်ကြရန် ရှေ့ဆောင် သင်ကြား မှုသည် ပညာရေး ရှေ့ဆောင်လမ်းပြတို့၏ အရေးကြီးသော တာဝန်တစ်ရပ်ဖြစ် ပေသည်။

 

မြန်မာနိုင်ငံဘာသာပြန် စာပေ အသင်း၏ ကျောင်းတွင်း ဒီမိုကရေစီ စာအုပ်မှ ထုတ်နှုတ်ဖော်ပြသည်။