ထားဝယ်မြို့ တစ်လမ်းမောင်း အရေးယူကာလ စတင်

0
411

ထားဝယ်မြို့တွင် ယာဉ်ကြောကြပ် တည်းမှု လျှော့ချရန်ဟုဆိုကာ သတ်မှတ်ခဲ့သည့် တစ်လမ်းမောင်းစနစ်မှာ ပညာ ပေးကာလ ကုန်ဆုံးသွားပြီဖြစ်သဖြင့် စည်းကမ်းဖောက်ဖျက် သူများကို ဒီဇင်ဘာလ ၁ ရက်မှစကာ အရေး ယူတော့မည်ဖြစ်သည်။

တစ်မောင်းစနစ်သတ်မှတ်ပြီး နှစ်လအကြာ ထိုသို့ အရေးယူမှု စလာ ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တစ်လမ်းမောင်း စနစ်ကို စည်းကမ်းဖောက်သူ မရှိသလောက်ဖြစ်နေပြီး ၉၅ ရာခိုင်နှုန်းခန့် လိုက်နာ သွားလာနေသည်ကို တွေ့ရကြောင်း အမှတ်(၁၁)ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူးရုံး(တနင်္သာရီ)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိအချိန်မှာတော့ ဖမ်းဆီး အရေးယူတဲ့ ဖြစ်စဉ်မရှိသေးပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့ပေါ်သို့ နယ်ဘက်က လာသူများမှာ မသိသေးသူများရှိနေ သေးသည့်အတွက် စည်းကမ်းဖောက် ဖျက်မှုများရှိနေမည်ဖြစ်ကြောင်း ထား ဝယ်မြို့မှ ကိုဟိန်းအာကာက ဆိုသည်။

“အရေးယူမယ်ဆိုလည်း မျက်နှာ မကြည့်ဘဲ တစ်ပြေးညီ အရေးယူဖို့လို တယ်”ဟု ကိုဟိန်းအာကာက ပြောသည်။

တစ်လမ်းမောင်း စနစ်ဖောက်ဖျက် သူများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေ ပုဒ်မ-၆၅ အရ အရေးယူ သွား မည်ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၅ အရ စည်းကမ်းဖောက်ဖျက် ကျူးလွန်သူအား ကျပ်သုံးသောင်းထက် မပိုသည့် ငွေဒဏ်ချမှတ်ရမည်ဟု ယင်း ဥပဒေတွင် ဖော်ပြထားသည်။

ထားဝယ်မြို့ ဈေးတောင်ဘက် လမ်းနှင့် လမ်းဆုံကြီးမီးပွိုင့်မှ ရုံး ကြီးလမ်းဆုံအထိ အာဇာနည်လမ်း ပိုင်းတို့အား ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က တစ်လမ်းမောင်းစနစ် သတ်မှတ်ခဲ့ပြီး ပညာပေးကာလကို နှစ်ကြိမ် တိုင် ပြင်ဆင် သတ်မှတ်ခဲ့သည်။