ကျွန်းစုတွင် ၃၀၀ မဂ္ဂါဝပ်ထုတ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ်

0
431

ကျွန်းစုမြို့နယ် ကပကျေးရွာအုပ်စု အတွင်းရှိ လင်မလိုရွာကြီးအနီးတွင် ၃၀၀ မဂ္ဂါဝပ်ထုတ် သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို တည်ဆောက်နိုင်ရန်  စီစဉ်နေကြောင်း ယင်းစီမံကိန်း အကောင်အထည်ဖေါ်မည့် မြိတ်အများပိုင် ဒါရိုက်တာ အတွင်းရေး မှူး ဦးမျိုးအောင်ထံမှ သိရသည်။


” လာမယ့်၂၀၁၇ ခုနှစ် ဖေဖေါ် ဝါရီလလောက်မှ စတင်နိုင်မယ်လို့ ခန့် မှန်းထားပါတယ် ” ဟု ဒါရိုက်တာအတွင်း ရေးမှူး ဦးမျိုးအောင်က ပြောသည်။ယင်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅၀၀ သန်းကျော်ရှိ ပြီး စီမံကိန်းကာလ ၄ နှစ်ရှိမည်ဖြစ်ကာ မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက် နှင့် ကိုးရီးယားနိုင်ငံမှ  KMPI Consor -tium Co.,Ltd  တို့မှ ပူးပေါင်းအကောင် အထည်ဖော်မည် ဖြစ်ကြောင်း မြိတ် အများပိုင်ထံမှ သိရသည်။

 
အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိ ခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုရေးထိခိုက် မှုဆန်းစစ်ခြင်းဆိုင်ရာ သက်ဆိုင်သူများ နှင့်တွေ့ဆုံပွဲကို နိုဝင်ဘာလ ၁၅ ရက် နေ့က ကျွန်းစုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။