ထိုင်းသို့ ၁၄ ရက်အထိ နယ်စပ်မှ လည်ပတ်ခွင့်ကို ယခုနှစ်ကုန်ရဖွယ်

0
353

မြန်မာ-ထိုင်း နယ်စပ်ဂိတ် တစ်ခု ဖြစ်သည့် မောတောင်နယ်စပ်မှ ထိုင်းနိုင် ငံပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ ၁၄ ရက်အထိ သွားလာလည်ပတ်ခွင့်ကို လာ မည့်နှစ်သစ်ကူးပွဲတွင် စတင်ခွင့်ပြုမည့် အနေအထားရှိနေကြောင်း ခရိုင် လက် ထောက်ခရိုင်ဝန်  Mr.Sompom Pat -chimphat က ပြောကြားသည်။


မြိတ်မြို့   Hotel Grand Jade  တွင် နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ဆိုင် ရာ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ထောက် ခရိုင်ဝန်က ပြောကြားခြင်း ဖြစ်သည်။ ” ၇ ရက်သို့မဟုတ် ၁၄ ရက် အထိ ခွင့်ပြုနိုင်ရေးအတွက် ထိုင်းပြည်ထဲရေး ဌာနကို တင်ပြထားပြီးပါပြီ”   ဟု လက် ထောက်ခရိုင်ဝန်  Mr.Sompom Pat-chimphat  က ပြောသည်။

 
ပရာကျွတ်ခရိုင် အတွင်းသို့ ဝင်ရောက်ရာတွင် မြိတ်ခရိုင်ကဲ့သို့ သွား လာခွင့်ရရှိမည်ဖြစ်ပြီး နှစ်သစ်ကူး ပွဲ တော်ကာလတွင် ခွင့်ပြုချက်အတွက် ပြည်ထဲရေးမှ ပြန်လည်အကြောင်း ကြားလာမည်ကို မျှော်လင့်ထားကြောင်း လက်ထောက်ခရိုင်ဝန်က ပြောပြသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင်အတွင်းရှိ တိုက်နယ် ၅ ခု သို့ ယခုနှစ် ဇန်နဝါရီ လအတွင်းမှစပြီး ၃ ညအိပ် ၄ ရက် အထိ သွားလာလည်ပတ်ခွင့်ပြု ထား သည်။

 
သို့သော် ထိုင်းနိုင်ငံသားများ အနေ ဖြင့် မြန်မာဘက်သို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် Border Pass (BP)  ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ် သန်းခွင့်လက်မှတ် Temporary Border Pass(TBP)  ဖြင့်၆ ညအိပ် ၇ ရက် သွားလာခွင့်ပြုပေးထားသည်။
မောတောင်ဂိတ်တစ်ဖက်ရှိ ထိုင်း နိုင်ငံ စင်ခွန်းဂိတ်ကို လက်ရှိအချိန်ထိ တရားဝင်ဂိတ်အဖြစ်မဖွင့်လှစ်နိုင်သေးသဖြင့်  မောတောင်ဒေသထွက် သစ်သီး ၀လံများနှင့် ရေထွက်ပစ္စည်းများတင်ပို့ ရောင်းချရာတွင် ထိုင်းဥပဒေအရ အကန့် အသတ်များရှိနေ၍ကုန်သွယ်ရာတွင် အခက်အခဲတစ်ချို့ရှိနေဆဲဖြစ် ကြောင်း ကုန်သည်အချို့က ဆိုသည်။

 
မြန်မာဘက်မှ မောတောင်နယ်စပ် ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ်ထားပြီးကာ ထိုင်းနိုင်ငံ စင်ခွန်းဂိတ်သည် လက်ရှိ အချိန်ထိ တရား ဝင်ဖွင့်လှစ်ထားခြင်း မရှိသေးဘဲ အထူး ယာယီနယ်စပ်ဂိတ်အဆင့်သာ ရှိသေးကြောင်း သိရသည်။