မြိတ်တွင် ၃၂ ထပ် Sea View ကွန်ဒိုစီမံကိန်း လာမည့်နှစ် စမည်

0
652

မြိတ်မြို့ ကမ်းနားလမ်းရှိ ၃၂ ထပ်ပါ Sea View ကွန်ဒို စီမံကိန်းကို ၂၀၁၇ နှစ်စတွင် စတင်အကောင် အထည်ဖော် ဆောက်လုပ် သွားမည်ဖြစ် ကြောင်း ယင်းစီမံကိန်း အရောင်းတာဝန်ခံ တစ်ဦးထံမှ သိရသည်။


အရောင်းပြခန်းကိုလည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ယင်းစီမံကိန်း ရုံး ခန်းမှ သိရသည်။
” စက်ယန္တရားတွေက မှာထား တုန်းပါ၊ ၁ လပိုင်းမှာ လုပ်ငန်းစဖြစ်မယ် ထင်ပါတယ်” ဟု စီမံကိန်း အရောင်း တာဝန်ခံက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိသည့် ယင်းစီမံကိန်းသည် ၅ နှစ်ကာလဖြစ်ပြီး အမြင့်ဆုံး ၃၂ ထပ်ပါ ကွန်ဒို ၈ လုံး၊ ၂၂ ထပ်ပါ ၂ လုံးနှင့် ၂၈ ထပ်ပါ ၂ လုံးတို့ ဆောက်လုပ် သွားမည်ဖြစ်ကာ ငလျင်ဒဏ်ခံနိုင်သည့် စနစ်ကို ထည့်သွင်း ဆောက်လုပ် သွား မည်ဖြစ်ကြောင်း ယင်းကွန်ဒိုရုံးမှ သိရ သည်။

 
ကွန်ဒို အလုံးရေ ၁၂ လုံးတွင် အခန်းပေါင်း ၂၄၉၇ ခန်းပါရှိမည်ဖြစ်ကာ ပျမ်းမျှဈေးနှုန်းများမှာ တစ်ပေပတ် လည်တွင် အမေရိကန်ဒေါ်လာ ၁၁၀ ခန့်ဖြင့် ၃ နှစ်အပြီးဆပ် အရစ်ကျစနစ် နှင့်လက်ငင်းစနစ်တို့ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထပ်မြင့်ကွန်ဒို စီမံကိန်း ကို မြိတ်မြို့ ပြည့်ဖြိုးထွန်းအင်တာ နေရှင်နယ် ကုမ္ပဏီလီမီတက်က ရင်းနှီး မတည်ပြီး Hong Kong Future Group  ကုမ္ပဏီမှ တာဝန်ယူ အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။

 
Sea View Condo စီမံကိန်းတွင် ခေတ်မီအားကစားခန်းမ၊ ရေကူးကန်၊ ဆေးခန်း၊ ဘဏ်လုပ်ငန်းများ၊ ဖူဆယ် ဘောလုံးကွင်း၊ ကလေးကစားကွင်း များ နှင့် အစည်းအဝေးခန်းမနှင့် မင်္ဂလာခန်းမ အဖြစ် အသုံးပြုနိုင်ရန် ခန်းမကြီးများ လည်းပါရှိမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။