ဒုက္ခသည်စခန်းမှာပဲ ဆက်နေရ မှာလား

0
412

အမိမြေသို့ ခြေစအချတွင် ကိုထွန်းထွန်းဝင်း စတင် တွေးပူရသည်က သူတို့ မိသားစု ကွန်းခိုရန် နေရာ။
သားသမီး ၄ ယောက်ကို တွဲ၊ မိန်းမလက်ကိုဆွဲကာ ထန်းပင်ဒုက္ခသည် စခန်းမှ ကိုထွန်းထွန်းဝင်း အရဲစွန့် ထွက်ခွာလာခဲ့သည်။

ထိုင်းနယ်စပ်တွင် သူတို့မိသားစုအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ ကားဖြင့် တကူးတက လာကြို ကြသည်။ သို့သော် ယင်းတာဝန်ရှိသူများက သူတို့မိသားစု၏ နေရပ်ပြန်ရောက် ချိန်တွင် နေထိုင်တည်းခိုရမည့်ကိစ္စ တိတိပပ မပြောနိုင်ကြ။
“ကားပေါ်က ဆင်းဆင်းချင်း ဟာ.. ဒါ ငါ့နိုင်ငံကွ၊ ဒါ ငါ့အိမ်ဆိုပြီး ရှိနေ ခဲ့ရင်စိတ်တွေပေါ့သွားပြီး ခွန်အားအများ ကြီးရမယ်လေ” ဟု ကိုထွန်းထွန်းဝင်းက ဆိုလေသည်။

 
စက်တင်ဘာ ၂၅ ရက်တွင် ကိုထွန်းထွန်းဝင်းတို့ မိသားစု၏ မူလ နေရပ် မေတ္တာမြို့လေးသို့အရောက်..၊ ကားပေါ်မှအဆင်းတွင် သူတို့မိသားစု မည်သည့်နေရာတွင် နားခိုရမည် အဖြေ မရှိ။ ကိုထွန်းထွန်းဝင်းတို့ စွန့်ခွာလာ သည့် Tham Hin (ဒေသအခေါ် ထန်း ပင်) ဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ၆၄၁၁ ဦးခန့် ရှိနေသည်ဟု  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ၂၀၁၅ ခုနှစ်စာရင်းအရ သိရသည်။ ထိုစခန်းရှိ ဒုက္ခသည်အားလုံးနီးပါး တနင်္သာရီတိုင်းသားများဖြစ်သည်ဟု ယင်းစခန်းတွင် ၇ နှစ်ကျော် ခိုလှုံ ခဲ့သည့် ကိုထွန်းထွန်းဝင်းက ဆိုသည်။
သူ့တို့ မိသားစု ရွာမှ ထွက်သွား သည့် ၂၀၀၈ ခုနှစ် အချိန်သည် ယင်း ဒေသတွင် စစ်ပွဲများ ဖြစ်ပွားနေသည့် အနေအထားမျိုးမဟုတ်။  သို့သော် နှစ်ဘက် စစ်တပ်များကြားတွင် နေထိုင် ရသည်ကို မလုံခြုံသလို ခံစားရသည့် အတွက် ထွက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
သူတို့မိသားစု ထန်းပင်ဒုက္ခသည် စခန်းမှ စွန့်ခွာချိန်တွင် စခန်းမှ မိသားစု များ သူတို့အား အားကျစွာ ငေးမော ကျန်ရစ်ခဲ့ကြကြောင်း ကိုထွန်းထွန်းဝင်း က ပြောသည်။

 
” တချို့ဆို မျက်ရည် တစမ်းစမ်းနဲ့ ကျန်ခဲ့တယ်၊ အဲလို ပြန်လို့ ရတယ်ဆိုတာ တချို့က မသိဘူးလေ”  ဟု ကိုထွန်းထွန်း ဝင်း ဆိုသည်။
ယင်းဒုက္ခသည်စခန်းတွင် ဆယ်စု နှစ်ချီနေထိုင်နေသူများလည်းရှိပြီး အချို့မှာ အိမ်ပြန်ရန်ပင် မေ့နေကြပြီ။
တိုင်းအတွင်းမှ စစ်ဘေးရှောင် နေရပ်စွန့်ခွာသူများသည် ထိုင်းနိုင်ငံ နယ်စပ် အသီးသီးတွင် လည်းကောင်း၊ ဒုက္ခသည် စခန်းများတွင် လည်းကောင်း အသီးသီးနေထိုင်ကြသည်။ကိုထွန်းထွန်းဝင်းတို့ မိသားစုသည်  ဒုက္ခသည် ၆၀၀၀ ကျော်ရှိသည့် ထန်း ပင်စခန်းမှ နေရပ်သို့ တရားဝင် ပြန် ပြောင်းလာသည့် ပထမဆုံးသော မိသားစု ဖြစ်သည်။

 
တနင်္သာရီတိုင်းဒေသကြီအစိုးရ အဖွဲ့အနေဖြင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင် တိုင်းတွင်းသား ဒုက္ခသည်မိသားစုများ နေရပ်ပြန်လာမည်ဆိုပါက ကြိုဆိုရန် အသင့်ရှိကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။
ယခု ဖော်ဆောင်နေသော စက်မှု ဇုန်များ၊ စီမံကိန်းများမှာ ယင်းဒုက္ခ သည်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန် ရည်ရွယ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

 
” ကိုယ့်အိမ် ကိုယ်ပြန်မယ့်လူ အား လုံးကို ဖိတ်ခေါ်တယ်၊ နေရာထိုင်ခင်းတွေ ဖန်တီးပေးရမှာပဲ” ဟု ဝန်ကြီးချုပ်က ပြောသည်။
လက်ရှိ ရောက်လာသည့် မိသားစု အားဂျပန်နိုင်ငံ၏ နီပွန်ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် မေတ္တာမြို့နယ်တွင် ကေအင်ယူနှင့် ပူးပေါင်းတည်ဆောက် ထားသော တန်ဖိုးနည်းအိမ်ရာများတွင် နေရာချထားပေးရန် ရည်ရွယ်ထားသည် ဟု တိုင်းအစိုးရအဖွဲ့က ဆိုသည်။
သို့သော် ယင်းအိမ်ရာများသည် ကေအင်န်ယူမိသားစုဝင်များအတွက်သာ ဖြစ်ပြီး နေရပ်ပြန် ဒုက္ခသည်များတွက် မဟုတ်ဟု ကေအင်န်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေး တာ ဝန်ရှိသူက ပြောသည်။

 
ပြန်ရောက်လာသူများ၏ မူလ ကျေးရွာနံဘေးတွင် စိုက်ပျိုးမြေ ပေးရန် အစီအစဉ်ရှိသည်ဟု တိုင်းအစိုး ရအဖွဲ့ တာဝန်ရှိသူမှ ဖြေကြားထား သော်လည်း ယခုထိ ပိုင်ပိုင်နိုင်နိုင် စီစဉ်ပေးနေသည် ကို မတွေ့ရ။
ယင်းအခင်းအကျင်းအရ ထန်းပင် ဒုက္ခသည်စခန်းရှိ တနင်္သာရီတိုင်းသား များ အစုလိုက်အပြုံလိုက် ပြန်လာ မည် ဆိုပါက ထိုမိသားစုများအတွက် တာဝန် ရှိသူတို့ အဆင်ပြေချောမွေ့စွာ လက်ခံ ရန် အသင့်မဖြစ်သေးဟု ဆိုနိုင်သည်။
လက်ရှိတွင် ကိုထွန်းထွန်းဝင်းတို့ မိသားစုက မွေးချင်းတစ်ဦး၏ အိမ်တွင် ယာယီ နေထိုင်နေကြသည်။ ယင်း အိမ်ရှင်များ ခရီးသွားနေပြီး ပြန်လာပါ က ဆင်းပေးရမည်ဟု ကိုထွန်းထွန်းဝင်း က ပြောသည်။

 
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဌာနမှ တာဝန်ရှိသူများက ကို ထွန်းထွန်းဝင်းတို့ ဘက်မှမြေတစ် ကွက် ရှာနိုင်ပါက အိမ်ဆောက်ပေးနိုင်ရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြညှိ နှိုင်းပေးမည်ဟု ပြောသွားကြောင်း ကိုထွန်းထွန်းဝင်းက ဆိုသည်။
ကိုထွန်းထွန်းဝင်းတို့ မိသားစုနှင့် ရှေ့ဆင့်နောက်ဆင့် နေရပ်ပြန်ဝင်လာ သည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ တရားဝင် ပြည်တော်ပြန် အတော်များ များလည်း နေရာချထားရေး အခက်တွေ့ နေကြကြောင်း ပြည်တွင်းထုတ် သတင်း စာများတွင် ဖော်ပြနေကြသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကာလတစ်လျှောက် စားဝတ်နေရေး ပြေလည်ခဲ့သော်လည်း ပြင်ပတွင် အလုပ် လုပ်ကိုင်ခွင့် မရှိသဖြင့် ဘ၀ရှေ့ရေး အတွက် စုမိဆောင်းမိ မရှိကြဟု ကိုထွန်းထွန်းဝင်းက ဆိုသည်။

 
” တစ်နေ့တာ တစ်နေ့စားဖို့ အရမ်း လွယ်ကူပေမယ့် အနာဂတ်ပျောက်နေ တယ်၊ ဒါကြောင့် ပြန်လာတာ” ဟု ကိုထွန်းထွန်းဝင်းက ဖွင့်ဟသည်။နေရပ်ပြန်လာသူ အသီးသီးတွင် ထိုက်သင့်သည့် သက်မွေးဝမ်းကျောင်း လုပ်ငန်း အတတ်ပညာများ ပါလာ သဖြင့် တာဝန်ရှိသူများက ယင်းကျွမ်း ကျင်မှုများကို မေးမြန်းကာ အလုပ် အကိုင်များ ဖန်းတီးပေးသင့်ကြောင်း ကိုထွန်းထွန်းဝင်းက ဆိုသည်။
လက်ရှိတွင် ဒုက္ခသည်စခန်းနှင့် တိုင်းတာဝန်ရှိသူများ ပေးကမ်းထောက်ပံ့ ထားသည့် ငွေ ကျပ် ၁၀ သိန်းကျော် လက်ထဲတွင် ရှိနေသော်လည်း အခြေ အနေ အရပ်ရပ်အရ မတို့ရဲ မထိရဲ ဖြစ်နေကြောင်း ကိုထွန်းထွန်းဝင်းက ဖွင့်ဟသည်။
” ကျွန်တော့် အိပ်မက်က ခရီးသွား လုပ်ငန်းပါ..၊ ခုတော့ ရေခဲမုန့်လှည့် ရောင်းဖို့ စိုင်းပြင်းနေတယ်”  ဟု ကိုထွန်းထွန်းဝင်းက ဆိုသည်။
သူနှင့်အတူ ပါလာသည့် သားသမီး ၄ ဦး(သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသား ၄ ဦး)အတွက် မေတ္တာမြို့ တွင် ကျောင်းတက်ခွင့် ရရှိထားပြီ ဖြစ် သော်လည်း မိသားစုတစ်စုအတွက် အရေးကြီးလှသည့် ခုံလှုံရန်နေရာနှင့် စားဖိုချောင်အတွက် ဝင်ငွေ မသေချာ သေး။
” ကျွန်တော်တို့ ကြုံရသလောက်ကို သုံးသပ်ပြီး ဒုက္ခသည်စခန်းက လူတွေ ကို အဲဒီမှာပဲ ဆက်နေကြပါဦးလို့ ပြော ချင်တယ်” ဟု တနင်္သာရီတိုင်း၏ ပထ မဆုံး တရားဝင်နေရပ်ပြန် ဒုက္ခသည် မိသားစု အိမ်ထောင်ဦးစီး ကိုထွန်းထွန်း ဝင်းက ဆိုသည်။