ဘုန်းကြီးကျောင်းများအတွက် ရေအလှူ

0
478

ကော့သောင်းမြို့တွင် သောက်သုံး ရေ အခက်အခဲရှိသည့် ဘုန်းကြီးကျောင်း များအတွက် သောက်ရေသန့် ကုသိုလ် တော်ပရဟိတအဖွဲ့မှ ကျောင်း အရောက် လာရောက်လှူဒါန်း ပေးသွားမည်ဖြစ် ကြောင်း အဆိုပါပရဟိအဖွဲ့မှ သိရ သည်။


သောက်ရေသန့်ကားများ မရောက် ရှိနိုင်သည့် ဘုန်းကြီးကျောင်းများသို့ ဦးစားပေး သွားရောက်လှူဒါန်းပေးမည် ဖြစ်ပြီး လက်ရှိတွင် တစ်လလျှင် ကျောင်းပေါင်း ၃၀ခန့် ပုံမှန်လှူဒါန်းပေး နေကြောင်း သိရသည်။သူငယ်ချင်းလေးဦးစုပြီး လှူ ဒါန်းခြင်းဖြစ်ကာ လုပ်အားပေးမည့် စိတ် တူကိုယ်တူ ပါဝင်မည့်သူများ လိုအပ်နေ သည်ဟု ယင်းအဖွဲ့တွင် ကိုယ်တိုင်လုပ် ကိုင်နေသည့် ကိုခင်မောင်လတ်က ဆို သည်။
” တစ်ပတ်ကို ၆ ရက် ပုံမှန်လှူ ဖြစ်နေပါတယ် ”  ဟု ၎င်းက ပြောသည်။

 
လက်ရှိတစ်လလျှင် လီတာ ၂၀ ဝင် ရေသန့်ပုံး ၁၀၀၀ ခန့် ကုန်ပြီး ရွှေပြည်သာ၊ အေးရိပ်ငြိမ်ရပ်ကွက်များရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း များနှင့် ဘိုးဘွားရိပ်သာသို့လည်း လှူဒါန်း ပေးနေကြောင်း သိရသည်။
နောက်ပိုင်းတွင် အ.မ.က စာသင် ကျောင်းများသို့ လှူဒါန်းရန် စီစဉ်နေ ကြောင်း သိရသည်။