တိုင်းတရားလွှတ်တော် တရားသူကြီးများ လာဘ်မစားဟု ကတိပြု

0
446

တိုင်းဒေသကြီး တရားလွှတ်တော်မှ တရားသူကြီးချုပ်နှင့် တိုင်းတရားသူကြီး နှစ်ဦးတို့က ပြည်သူယုံကြည် ကိုးစား သည့် တရားစီရင်ရေး စနစ်ဖြစ်ပေါ်လာ စေရန် လာဘ်မစားဘဲ သန့်ရှင်းစွာ တာဝန်ထမ်းဆောင် သွားမည်ဟု နိုဝင် ဘာလ ၃ ရက်က ကတိပြုလက်မှတ် ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။


တိုင်းတရားလွှတ်တော်တွင် အဂတိတရားကင်းစွာ တရားစီရင်ရေးနှင့် ပြည်သူများပွင့်လင်းမြင်သာမှုရှိပြီး တရားစီရင်ရေးစနစ်ကို ပြည်သူများ ယုံကြည်လာစေရန် မျှော်မှန်းဆောင်ရွက် ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း တရားလွှတ်တော် သတင်းပြန်ကြားရေး အရာရှိ ဖြစ်သူ တိုင်းတရားရေးဦးစီးမှူးက ဆို သည်။
ယင်းအပြင် ခရိုင်၊ မြို့နယ် တရားရုံးများတွင် ငွေကြေးတောင်းခံပြီး လာဘ်ပေး၊ လာဘ်ယူပြုလုပ်ပါက အချက်အလက် ခိုင်မာစွာဖြင့် တိုင်ကြား နိုင်ပြီး စိစစ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားရန် အဆင်သင့် ရှိကြောင်း ၎င်းက ဆိုသည်။” တိုင်းတရားသူကြီးချုပ်၊ တရားရေး ဦးစီးမှူးဆီ ဖုန်းနဲ့ပဲတိုင်တိုင်၊ စာနဲ့ပဲတိုင်တိုင် တိုင်ကြားနိုင်ပါတယ်”  ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်ပိုက်ပိုက် အေး ကပြောသည်။
ယင်းကဲ့သို့ တရားသူကြီးများ လာဘ်မစားကြောင်း လက်မှတ်ထိုး ကတိပြုခြင်းမှာ ယခင်က မရှိခဲ့ဘူးသည့် အတွက် ကြိုဆိုပြီး ကတိပြုမှု အဓိပ္ပာယ် ရှိစေရန် လက်တွေ့ကျကျလုပ်ဆောင်ရန် လည်း လိုအပ်ကြောင်း ထားဝယ်မြို့မှ တက်ကြွလူငယ်တစ်ဦးဖြစ်သူ ကိုဝေဖြိုး ကဆိုသည်။
” ဒီလိုလုပ်တာ အားပေးတယ်၊ အဓိပ္ပာယ်ရှိသွားအောင် လက်တွေ့ အသက်ဝင်အောင်လည်း လိုချင်တယ်”  ဟု ကိုဝေဖြိုးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် နေ့က တိုင်းတရားသူကြီးချုပ် ဦးတင် အောင်နှင့် တိုင်းတရားသူကြီး နှစ်ဦးတို့ က တရားစီရင်ရာတွင် မိမိတို့ သက်တမ်း ကာလအတွင်း ဖြောင့်မှန်သည့် တရား စီရင်ရေးစနစ် ထွန်းကားစေရန် လာဘ် မစား၊ လာဘ်မယူဘဲ သန့်ရှင်းဖြူစင် စွာဖြင့် တာဝန် ထမ်းဆောင်မည်ဖြစ် ကြောင်း အချင်းချင်း ခိုင်မာစွာ ကတိ ကဝတ်ပြုကြသည်ဟု တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်၏ တရား ဝင်လူမှုကွန်ရက် စာမျက်နှာ တွင်ဖော်ပြ ထားသည်။