ထားဝယ်သပိတ်မျှောပွဲတွင် တေးဂီတ ဖျော်ဖြေပွဲပါမည်

0
585

နှစ်စဉ် သီတင်းကျွတ်လပြည့်တိုင်း ကျင်းပမြဲဖြစ်သော ထားဝယ်သပိတ်မျှောပွဲတွင် တေးဂီတ ဖျော်ဖြေပွဲ ထည့်သွင်းထားကြောင်း ထားဝယ်ရိုးရာ ယဉ်ကျေးမှု သပိတ်မျှောပွဲ ကော်မတီမှ သိရသည်။


သပိတ်မျှောပွဲတော်ကျင်းပရာ ထားဝယ် ဒေါင်းငူတံငါရပ် ကမ်းနားတွင် သီတင်းကျွတ် အဖိတ်ညနှင့် လပြည့်ညဖြစ်သည့် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက် ၂ ည ထားဝယ်မြို့အခြေစိုက် ယူနီဗာဆယ် တီးဝိုင်းဖြင့် ဖျော်ဖြေသွားမည်ဟု သိရသည်။

 
ထားဝယ်ရိုးရာ အကအဖွဲ့မှလည်း နှစ်စဉ်ဖျော်ဖြေမြဲအတိုင်း သပိတ်မျှောပွဲ ည(လပြည့်နေ့ အရုဏ် တက်)တွင် ကပြဖျော်ဖြေသွားမည်ဖြစ်ပြီး ထားဝယ်ရိုးရာမုန့်များ စတုဒီသာကျွေးမည်ဖြစ်ကြောင်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးထိုက်က ပြောသည်။
ထားဝယ်မြစ်ကမ်းတစ်လျှောက် နေရာ ၆ ခုခန့် သပိတ်မျှောရန် ပြင်ဆင်နေကြသည်။