တရားခွင်

0
186

၂၀၁၆ ခုနှစ်၊ မေလ
ရေဖြူမြို့နယ် တရားရုံး
ကျွန်တော်သည် တရားခွင်သို့ ရောက်နေ၏။
တရားခံတစ်ယောက်အနေဖြင့် တရားခွင်သို့ ရောက်နေခြင်း ဖြစ်သည်။ ဘ၀တွင် ပြစ်မှုတစ်ခုခု ကျူးလွန်ဖူးသည် ဟု ဘယ်တုန်းကမျှ ကျွန်တော့်ကိုယ်ကျွန် တော် မသိမှတ်ဖူးခဲ့။ ယခု ကျွန်တော်သည် မြို့နယ်တရားရုံးတွင် တရားခံတစ်ယောက် အနေဖြင့် ရောက်ရှိနေပေပြီ။
ကျွန်တော် ပြစ်မှုတစ်ခုခု တကယ် များ ကျူးလွန်မိခဲ့လေပြီလော။


တရားခွင်ကို ရောက်ရောက်ချင်း ခံစားရသည်မှာ သူစိမ်းဆန်မှုဖြစ်သည်။ တရားရုံးဝန်ထမ်းများက ကိုယ်စီ တာဝန် များကို လုပ်နေကြသည်။ တရားခွင် အတွင်းသို့ ဝင်လာသူများကို တယ်လီ ဖုန်းများ ယူဆောင်မလာကြရန် တတွတ် တွတ် သတိပေးသည်။ ထိုအခိုက် တရား ခွင် အတွင်းရှိ ဝန်ထမ်းတစ်ဦး၏ တယ်လီ ဖုန်း ထမြည်လေသည်။ ထိုဖုန်းမြည် သံကြောင့် တရားခံ ထိုင်ခုံတွင် ထိုင်ပြီး အတွေးလွန်နေသည့် ကျွန်တော် သတိပြန် ဝင်လာ၏။

 
နှစ်ထပ် အဆောက်အဦဖြစ်သည့် တရားရုံး၏ အပေါ်ထပ်တွင် အမှုစစ် သည်။ ကျွန်တော်ထိုင်နေသည့် ညာ ဘက်ခြမ်း ပြတင်းပေါက်မှ ကျော်ကြည့် လတ်သော် မြို့နယ်ဆေးရုံ၏ နောက်ဖေး ဘက်ကို လှမ်းမြင်ရသည်။ တရားလိုသည် ကျွန်တော့်ကို အဘယ်ကြောင့် တရားစွဲ ရကြောင်း ရှည်လျားထွေပြားစွာ ရှင်းပြ နေသည်။ တရားလိုရှေ့နေ၏ မေးခွန်း များကို တရားသူကြီးမှ တစ်ခါတစ်ရံ ပယ်ချ၏။ တစ်ခါတစ်ရံ ဖြတ်ချ၏။ တစ် ခါတစ်ရံ မေးခွင့်မပြု။ တရားခွင်နှင့် စိမ်းလှသော ကျွန်တော့်မှာ အရာရာသည် အထူးအဆန်း။

justice_aunglwin
မေလကုန်ခါနီး ဖြစ်လင့်ကစားနေ သည် ခြစ်ခြစ်တောက်ပူနေ၏။ ကျယ် ပြန့်သပ်ရပ်လှသော နဖူးမှ တစ်ခါတစ်ခါ ကျကျလာသည့် ချွေးစက်တို့ကို တရား သူကြီးသည် သုတ်ဖယ်ကာ တရားလို၏ စကားလုံးတို့ကို စေ့စပ်သေချာစွာ နား ထောင်၏။ တရားသူကြီးဟု ဆိုလိုက် သည်နှင့် အသက်ကြီးကြီး ဖြစ်မည်ဟု ကျွန်တော်မှန်းဆဖူးခဲ့သည်။
သို့သော် ယခုတရားခွင်မှ တရားသူ ကြီးကား အသက် ၃၀ စွန်းစွန်းသာ ရှိ သေးသည် ဆိုသည်။ ခန့်ငြားတည်ကြည် လှသော မျက်နှာနှင့် ခင်မင်နှစ်လိုဖွယ် ဖြစ်သည်။

 

” စာရေးဆရာ ဦးအောင်လွင်ဆိုတော့ အသက်ကြီးပြီ ထင်နေတာ၊ အတော်ငယ် သေးတာပဲ”  ဤသည်ကား တရားသူကြီး ထံမှ ကျွန်တော် ပထမဆုံးကြားရသော စကား သံဖြစ်သည်။ထိုခဏ၌ ကျွန်တော်သည် တရားခွင် ကို ရင်းနှီးမိ၏။
နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးဖူး သော မိတ်ဆွေတစ်ယောက်ကဲ့သို့ ကျွန် တော် သည် တရားခွင်ကို ရင်းနှီးမိလေပြီ။ မှန်၏။ ကျွန်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းကပင် တရား ခွင်နှင့် ရင်းနှီးပြီး သူတစ်ယောက်ဖြစ် လေသည်။

 
၁၉၈၇  ခုနှစ်၊ မေလ ဝန်းကျင်
ရေဖြူမြို့နယ်တရားရုံး
ကျွန်တော်သည် တရားခွင်သို့ ရောက်နေ၏။ တရားခံတစ်ယောက် အနေဖြင့် တရားခွင်သို့ ရောက်နေခြင်း ဖြစ်သည်။ ဘ၀တွင် ပြစ်မှုတစ်ခုခု ကျူး လွန်ဖူးသည်ဟု ဘယ်တုန်းကမျှ ကျွန် တော့်ကိုယ် ကျွန်တော်မသိမှတ်ဖူးခဲ့။ ယခု မြို့နယ်တရားရုံးတွင် ကျွန်တော် သည် တရားခံတစ်ယောက်အနေဖြင့် ရောက်ရှိနေပေပြီ။ ကျွန်တော် ပြစ်မှု တစ်ခုခု တကယ်များ ကျူးလွန်မိခဲ့လေပြီ လော။
” ကျွန်တော်ပြစ်မှုတစ်ခုခု ကျူးလွန် ခဲ့ပါသလား မေမေ” ဟု တရားခွင်တွင် ကျွန်တော် မေမေ့ကို မေးသည်။ မေမေ မဖြေ။ ကျွန်တော် မေးသည်ကို မေမေ မကြားမိလေသလော။ မဖြစ်နိုင်။ မေမေ သည် ကျွန်တော့်ကို အလွန်ဂရုစိုက်သည် ကို သိသည်။ ကျွန်တော့်ကို ထိခိုက်မည့် အလုပ် မေမေ ဘာမျှမလုပ်။ သို့ရှိသော် မေမေသည် ကျွန်တော်မေးသည်ကို ဘာ့ ကြောင့် မဖြေသနည်း။ ကျွန်တော် ထပ် မေးသည်။

 
” ကျွန်တော်ပြစ်မှုတစ်ခုခု ကျူးလွန် ခဲ့ပါသလား မေမေ”
သို့သော် မေမေ မကြားသေး။ ကျွန်တော်သည် စိတ်ဆိုးသွားပြီး အသံ ကုန် ခြစ်အော်၏။ သို့သော်လည်း မေမေ သည်မကြား။ သို့နှင့် ကျွန်တော်သည် စိတ်ဆိုး မာန်ဆိုးဖြင့် မေမေ့ကို ငြူစူကာ ခြေဆောင့်ပြီး ငိုလေတော့သည်။ ထိုခဏ တွင် မေမေသည် တရားခွင်၌ ကျွန်တော့် ကို ပွတ်သပ်သည်။ ငြိမ်ငြိမ်နေရန် သတိ ပေးခြင်းလော။ သိပြီ။ ကျွန်တော်မေး သည်ကို မေမေဘယ်လိုမှ မကြားနိုင်။
အကြောင်းကား ကျွန်တော်သည် မေမေ့ဗိုက်ထဲတွင် ၇ လအရွယ်သာရှိသေး သောကြောင့်တည်း။

 
ကျွန်တော့်ကို ဗိုက်ထဲတွင် လွယ် ထားရချိန်၌ မေမေသည် တရားခံ တစ် ယောက်အနေဖြင့် တရားခွင်သို့ ရောက် နေခဲ့သည်။ အစိုးရမှ လုပ်ကိုင်သော     ကံပေါက်သတ္တုတွင်းရှိ လောင်စာဆီ တစ်မျိုးနှင့် ပတ်သက်ပြီး အမှုရင်ဆိုင် နေရခြင်း ဖြစ်သည်။ ထိုအမှုသည် ၆ လ ခန့်ကြာ မြင့်ခဲ့၏။ ကျွန်တော်မွေးပြီး ၄၅ ရက်သားအရွယ်တွင် ရုံးချိန်းများ ပြန် လည်စတင်သည်ဟု မေမေက ဆိုသည်။
ဆိုရသော် ကျွန်တော်သည် တရား ရင်ဆိုင်နေရစဉ်  မွေးဖွားခဲ့သည်။ မမွေး ဖွားမီ ကတည်းကပင် ရေဖြူမြို့မ ရဲစခန်း ရှိ အချုပ်ခန်းနှင့် ထားဝယ်ထောင်တို့တွင် တရားခံတစ်ဦးအဖြစ် နေထိုင်ခဲ့ရသည်။ ထို့အတွက်ကြောင့် တရားခွင်သည် ကျွန်တော်နှင့် မစိမ်း။ ထိုအမှုတွင် မေမေ့ကို အပြစ်မရှိကြောင်း စစ်ဆေး တွေ့ရှိပြီး တရားသူကြီးမှအပြီး လွှတ် ပေးခဲ့သည်။

 

 

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၃၀
ရေဖြူမြို့နယ်တရားရုံး
ကျွန်တော်သည် တရားခွင်သို့ ရောက်နေ၏။ တရားခံတစ်ယောက် အနေဖြင့် တရားခွင်သို့ ရောက်နေခြင်း ဖြစ်သည်။ ဘ၀တွင် ပြစ်မှုတစ်ခုခု ကျူး လွန်ဖူးသည်ဟု ဘယ်တုန်းကမျှ ကျွန် တော့်ကိုယ်ကျွန်တော် မသိမှတ်ဖူးခဲ့။ ယခု မြို့နယ်တရားရုံးတွင် ကျွန်တော် သည် တရားခံတစ်ယောက်အနေဖြင့် ရောက်ရှိနေပေပြီ။
ကျွန်တော် ပြစ်မှုတစ်ခုခု တကယ် များ ကျူးလွန်မိခဲ့လေပြီလော။

 
” အမိန့် ”
တရားသူကြီး၏ တည်ကြည်လေး နက်သော အသံသည် လွန်ခဲ့သော မိနစ် ပိုင်းက တရားခွင်အပြင်တွင် စိတ်ဝင် တစား စောင့်ကြည့် နားထောင်နေသည့် ကျွန်တော့်အမှုကို လိုက်ပါ အားပေးကြ သော ရွာသူ /သားတို့၏ တီးတိုးအသံ များကို လုံးဝ ရပ်တန့်သွားစေခဲ့သည်။ တရားခွင်အတွင်းနှင့်အပြင်ရှိ ပရိသတ် နှင့်သတင်းထောက်တို့သည် တရားခွင် စတင်ချိန်ကထက် ပိုမိုနားစွင့် နေကြလေ သည်။ တရားလိုဖြစ်သူနှင့် တရားခံ ဖြစ်သူ ကျွန်တော်တို့မှာ လွန်ခဲ့သော တစ်နာရီခန့် တရားသူကြီး စီရင်ချက် စတင်ဖတ်ကြားချိန်မှ စတင်ကာ မတ်တပ် ရပ်နေကြရခြင်း ဖြစ်သည်။ တရားလိုကား ဘယ်သို့ဖြစ်လေသည် မသိ။ ကျွန်တော် ကား ခြေထောက် ညောင်းလှချေပြီ။ တရားသူကြီးသည် အမှုနှင့်ပတ်သည် သည့် နှစ်ဖက် ထွက်ဆိုချက်များကို တစ်နာရီနီးပါးခန့်မျှကြာအောင် ဖတ် ကြားခဲ့ပြီး ဖြစ်လေသည်။

 
“ငွေဒဏ်ကျပ် သုံးသောင်းပေး ဆောင်စေရန်နှင့် မဆောင်နိုင်ပျက်ကွက်ပါ က အလုပ်မဲ့ ထောင်ဒဏ် သုံးလကျခံစေ ရန် အမိန့်ချ မှတ်လိုက်သည်”
” ငါးရံ့တစ်ကောင်ရဲ့ရင်ဖွင့်သံ ”  အက်ဆေး ရေးသားမှုကြောင့် သတ္တုတွင်း ကုမ္ပဏီတစ်ခုမှ စာရေးသူ ကျွန်တော့်ကို ပုဒ်မ ၅၀၀ (အသရေဖျက်မှု)ဖြင့် တရားစွဲ ခဲ့သည်။
အဓိကဇာတ်ကောင်ဖြစ်သည့် ငါးရံ့ သည် သတ္တုတွင်းမှ စွန့်ပစ်ရေဆိုးများ ကြောင့် သူ့ဘ၀ပျက်ရကြောင်း လှစ်ဟ ပြခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အဖြစ် အပျက်အမှန်တို့ကို စေ့ငုသုံးသပ်ပြ ခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များကို မီးမောင်းထိုးပြခဲ့သည်။ ထို့ အတွက် ကုမ္ပဏီမှ ဂုဏ်သိက္ခာကျဆင်း ရသည်ဟုဆိုကာ ကလောင်ရှင်ကို တရား စွဲသည်။
သို့ဖြင့် ကျွန်တော်သည် တရား ခွင်သို့ တရားခံအနေဖြင့် ရောက်ခဲ့လေ၏။

 
ဘ၀တွင် ပြစ်မှုတစ်ခုခု ကျူးလွန် ဖူးသည်ဟု ဘယ်တုန်းကမျှ ကျွန်တော့် ကိုယ် ကျွန်တော်မသိမှတ်ဖူးခဲ့။
ယခု အမိန့်ချပြီးသည်အထိလည်း ကျွန်တော်သည် ပြစ်မှုတစ်စုံတစ်ရာ ကျူး လွန်သည်ဟု မမှတ်ယူခဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here