ရာသီပေါ်ဒေသထွက် သီးနှံကုန်ချောထုတ်သင်တန်း ဖွင့်မည်

0
417

ရာသီအလိုက် ပေါများစွာ ထွက်ရှိ သော သစ်သီးဝလံများကို တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထူထောင် လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ သင်တန်းတစ်ရပ်ကို  ထားဝယ်ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦး စီးဌာနက ဖွင့်လှစ်မည်ဖြစ်သည်။


သင်တန်းကို အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ၅ ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး စာတွေ့ ၃၀ ရာခိုင် နှုန်း လက်တွေ့ ၇၀ ရာခိုင်နှုန်း ပါဝင် မည်ဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူ က ဆိုသည်။ သင်တန်းသား ၂၀ ဦးလက်ခံသွား မည်ဖြစ်ပြီး အနည်းဆုံး အလယ်တန်း အဆင့်ပညာအရည်အချင်း ရှိရမည်ဖြစ် သည်။ ဖွင့်လှစ်မည့်နေရာမှာ ထားဝယ် ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနရုံး၊ မျှော်အင်းလမ်းသွယ် ၊ ညောင်ရမ်းတောင်ရပ်၊ ထားဝယ်မြို့တွင် ဖြစ်သည်။

 
သင်တန်းတွင် သဘာဝ သစ်သီး ဖျော်ရည်မျိုးစုံ၊ သစ်သီးယို မျိုးစုံ၊ ဆော့စ်နှင့် ဂျယ်လီထုတ်လုပ်နည်များ၊ အစားအသောက်သုံး ဓါတုဆေးဝါးများ အကြောင်းနှင့် သတ်မှတ် အချိုးအစား များအကြောင်း ပို့ချသွားမည် ဖြစ် ကြောင်း အသေးစား စက်မှုလက်မှု လုပ် ငန်းဦးစီး ဌာနမှ တာဝန်ရှိသူ ကပြော သည်။သင်တန်းမှာ အခမဲ့ဖြစ်သည်။

 
စာရင်းပေးသွင်း ဆက်သွယ်မေး မြန်းလိုပါက ဖုန်းအမှတ် ၀၅၉ ၂၂၆၀၉၊ ၀၉၄၂၂၂၀၁၇၂၇၊ ၀၉၄၀၂၇၅၅၆၉၉ တို့သို့ ဆက်သွယ်နိုင်သည်။