စိတ်ကြွဆေးပြားနှင့် ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

0
571

ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာအုပ်စု ဘာလိအော်ကျေးရွာ အရှေ့ ဘက်ချောင်းဘေးတွင် ရပ်ထားသော သစ်သားလှေပေါ်တွင် ဘိန်းစာမှုန့် အမြောက် အမြား တင်ဆောင်လာသူနှစ်ဦးကို စက်တင်ဘာလ ၂၅ရက်က ဖမ်းဆီး ခဲ့သည်ဟု ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။


လှေဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ အဖွဲ့စုံ သွားရောက်စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၄၀ ကျော်ရှိ ဘိန်းစာမှုန့် ၂၇.၄၆၅ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါရဲစခန်းမှ သိရသည်။ဘိန်းစာမှုန့်သယ်ဆောင်လာသူ ၃ ဦးအနက် ၁ ဦးမှာထွက်ပြေး တိမ်းရှောင် နေကြောင်း သိရသည်။

 
ယင်းအပြင် စက်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ပုလုံးတုံတုံးကျေးရွာ အဝင်လမ်းတွင် ယာဉ်များအား ရှောင်တခင်စစ်ဆေးရှာဖွေနေစဉ် ဆိုင်ကယ်မောင်း လာသူ အမျိုးသား တစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်ရဲစခန်းမှ ရဲအုပ်က ပြောသည်။