ကျောက်မီးသွေးစီမံကိန်း မလိုကြောင်း အစိုးရသစ်ထံ အံဒင်ဒေသခံများ ပထမဆုံးအကြိမ် စာပို့

0
505

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင် ကျေးရွာအနီးတွင် တိုယို-ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန် ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေး စီမံကိန်း အလိုမရှိကြောင်းကို ဒေသခံတို့က လက်ရှိအစိုးရသစ်ထံ ပထ မဆုံးအကြိမ် စာပို့ခဲ့သည်။


ကျောက်မီးသွေးစီမံကိန်း အလို မရှိကြောင်းကို ဖာလိန်ဒေသမှ သံဃာ တော်များအပါအဝင် ကျေးရွာပေါင်း ၁၀ရွာတို့မှ ဒေသခံတို့က စက်တင်ဘာ ၂၆ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ ကာ စာပေးပို့ခဲ့သည်။
ထို့အပြင်  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ပြည်ထောင်စု လွှတ်တော်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အပါအဝင် ဌာန ၁၃ ခုထံလည်း စာပို့ ခဲ့သည်။” အရင် အစိုးရ လက်ထက်လည်းမှာ လည်း ကျွန်မတို့ စာတင်ခဲ့ဖူးပါတယ်၊ ဘာမှ တုံ့ပြန်မှု မရှိဘူး”  ဟု အံဒင်လူငယ် မိစိုက်စွန်းက ပြောသည်။

 
ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လွှတ်တော်တို့နှင့် တွေ့ဆုံရာတွင် ဒေသ ခံတို့ မလိုလားသည့် စီမံကိန်းများကို ကုမ္ပဏီအနေဖြင့် လာမလုပ်နိုင်ရေး တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။အဆိုပါ တင်ပြသည့် စာတွင် သဘာဝရေမြေတောတောင်ကို အမှီပြုပြီး လယ်ယာဥယျာဉ်ခြံ၊ ရေလုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူ များဖြစ်သည့်အတွက် ရေမြေသဘာဝ ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်း ပထဝီ အနေအထားကို ပြောင်းလဲ ပျက်စီး သွားစေမည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို လက်မခံနိုင်ကြောင်း ရေး သားထားသည်။ လက်ရှိ အစိုးရလက်ထက်တွင် တိုယို-ထိုင်းကုမ္ပဏီသည် အခြားရင်းနှီး မြုပ်နှံမှု လုပ်ငန်းခေါင်းစဉ်ဖြင့် ပြည်နယ် အစိုးရအဖွဲ့နှင့် ၃ ကြိမ်ခန့် လာရောက်   တွေ့ထားသည့်အတွက် ကျောက်မီးသွေး စက်ရုံ စီမံကိန်း ပြန်လည် အကောင် အထည်ဖော်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

 
၂၀၁၅ ဧပြီ ၉ ရက်တွင် စီမံကိန်း အတွက် ပြည်ထောင်စုအစိုးရနှင့် ကုမ္ပဏီ တို့ကြား သဘောတူညီမှု စာချွန်လွှာ MOA လက်မှတ်ရေးထိုးထားကြပြီး  ဖြစ်သည်။လျှပ်စစ်ဓာတ်အား ၁၂၈၀ မဂ္ဂါဝပ် ထွက်မည် ယင်းစီမံကိန်းကို ပြည်တွင်းက ဝင်းရောင်ခြည်ဦး ကုမ္ပဏီနှင့် တိုယို-ထိုင်းအများပိုင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်မည် ဖြစ်သည်။ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာသန်း၂၈၀၀ ဖြစ်ပြီး စီမံကိန်း ကာလမှာ နှစ် ၃၀ ဖြစ်သည်။တိုယို-ထိုင်းကုမ္ပဏီသည် ၂၀၁၄ ခုနှစ်က အံဒင်ဒေသတွင် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းအကောင်အထည်ဖော်ရန် စတင် ဝင်ရောက်ခဲ့သည်။

 
ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများက ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများကို တောက်လျှောက် ပြု လုပ်လာခဲ့ပြီး မြေပြင်လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးပေ။