အဝေးရောက်သားများ အိမ်ပြန်ချိန်

0
454

၂၈ နှစ်တာ ဝေးကွာခြင်းရဲ့ ပထမ ဆုံးနေ့

ဒီနေ့ စက်တင်ဘာ ၁၉ ရက်ဟာ ၂၈ နှစ်တာ မိဘအိမ်နဲ့ဝေးကွာခြင်းရဲ့ ပထမဆုံးနေ့ပါ။
အားလုံး သိပြီးဖြစ်တဲ့ အတိုင်း ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်မှာ တပ်မတော်က အာဏာသိမ်းကြောင်း မြန်မာ့အသံက ကြေညာပါတယ်။ စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း မှာတော့ ထားဝယ်မြို့လယ်မှာ ဆန္ဒပြ နေတဲ့ ကျောင်းသားတွေကို စစ်တပ်က စတင်ပစ်ခတ် ဖြိုခွဲပါတယ်။ ဆရာ ဦးပန်း ကျော်အပါဝင် ဆန္ဒပြသူ ၅ ဦး သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာ ရခဲ့ပါတယ်။


ဒါက ထားဝယ်မြို့တစ်ခုတည်းက အခြေအနေ။ ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးတွေမှာ ဒီထက်မက ပစ် ခတ်ဖြိုခွဲမှုကြီးမားတယ်၊ သေဆုံး၊ ဒဏ်ရာရမှုများမယ်ဆိုတာ ခန့်မှန်းလို့ ရနိုင်ပါတယ်။ သမိုင်းလေ့လာသူတွေရဲ့ အဆိုအရ ၁၉၈၈ မတ်လ အရေးခင်းကနေ စက်တင်ဘာ အာဏာသိမ်းပြီးချိန် အထိ သေဆုံးသူ ၃၀၀၀ ခန့်ရှိတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ ဘယ်သူတွေလဲ၊ ဘယ်မှာ ဘယ်လိုသေတာလဲ၊ စသဖြင့် အသေးစိတ် စာရင်းကိုတော့ အခု ၂၈ နှစ် ကြာတဲ့အထိ စုံစမ်းဖော်ထုတ်တာမျိုး မတွေ့ရသေးပါ။
ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်း ကတော့ ၈ လေးလုံး သမိုင်းပြတိုက်ဆိုပြီး အခန်းငယ်တစ်ခု ဖွင့်လှစ်ပြသထားတယ် လို့ သိရပါတယ်။ ဒါပေမဲ့ ဒီဆန္ဒပြပွဲတွေ ကနေတစ်ဆင့် တက်လာတဲ့အစိုးရ၊ လူထုက ရွေးချယ်တင်မြောက် လိုက်တဲ့ အစိုးရ သစ်ဆီကတော့ သက်တမ်း ၆ လနီးပါး ကြာလာတဲ့အထိ ၈ လေးလုံး ကာလကျဆုံးသူတွေ၊ ပစ်ခတ်မှုမှာ တာဝန်ရှိသူတွေနဲ့ပတ်သက်ပြီး ဘာမှ ထုတ်ပြောတာ မကြားရသေးပါ။

 
ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စ၊ အစိုးရက တာဝန်ယူဖော်ဆောင်မှ အလုပ် ဖြစ်မယ့်ကိစ္စမို့ ပြောနေရတာပါ။ ဒီကိစ္စ တွေကို ထုတ်ပြောရင် အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိ ခိုက်မှာ စိုးလို့လား။ သေနတ်ကိုင်ထားဆဲ လူတွေ ကို ကြောက်နေရဆဲမို့လို့လား။ ထားတော့။ ဒီဆောင်းပါးမှာ အလေးပေး တင်ပြချင်တာက ပစ်ခတ်မှုအတွက် တာဝန် ရှိသူတွေကို အရေးယူပေးဖို့ မဟုတ်သေး ပါ။
အဲဒီ စက်တင်ဘာ ၁၉ ရက် ပစ်ခတ် မှုနောက်ပိုင်း၊ ဒီလိုပစ်ခတ်နေမှုကို ခေါင်း ငုံ့ခံနေလို့ မဖြစ်ဘူး။ လက်နက်နဲ့ အနိုင် ကျင့်နေသူကို လက်နက်နဲ့ ပြန်တိုက်မှ ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ လက်နက် ကိုင်တော်လှန်ရေးထဲ ရောက်သွား (တောခိုသွား) တဲ့ ကျောင်းသား လူငယ် တွေ အကြောင်းသာ ဖြစ်ပါတယ်။
တက္ကသိုလ် ကျောင်းသားအများစု ပါတဲ့ ဒီလူငယ်တွေဟာ တောရွာတွေကို ဖြတ်၊ တောင်တွေကိုကျော် တောတွေထဲ ဝင်ပြီး ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေး အဖွဲ့တွေဆီ ရောက်သွားခဲ့ပါတယ်။ ABSDF ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းပြီး စစ်အစိုးရတပ်တွေကို ပြန် လည်တိုက်ခိုက်ခဲ့ပါတယ်။ အောင်မြင် တာတွေရှိသလို မအောင်မြင်တာတွေ လည်း ရှိခဲ့ပါတယ်။
အောင်မြင်တဲ့ အဓိက အချက် ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘ၀အခြေနေမှန်ကို                  နားလည်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့လိုကြောင်း တပ်ပေါင်းစုမူ ချနိုင်ခဲ့ခြင်းလို့ ထင်ပါ တယ်။ မအောင်မြင်တဲ့ အဓိကအချက် ကတော့ အဲဒီလို နားလည်မှုမရခင် တောထဲမှာ ပျောက်သွားတဲ့ ကျောင်း သားတွေ၊ ငှက်ဖျားဒဏ်နဲ့ ဆင်းရဲမှု ဒဏ်ကို မခံနိုင်လို့ အိမ်ပြန်သွားသူတွေ၊ တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေနဲ့ တကယ့်အများစုကြီးက နိုင်ငံရေး ဒုက္ခသည်ဘ၀နဲ့ တတိယနိုင်ငံတွေဆီ ထွက်ခွာသွားရခြင်း ဖြစ်ပါတယ်။

အခု ဒီလူတွေ ဘယ်ရောက်နေကြသလဲ
၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျင်းပတဲ့ ကျဆုံးရဲဘော်များအား ဂုဏ်ပြုပွဲအခမ်းအနားမှာ လက်ရှိ ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲရဲ့ပြော ကြားချက်အရ ၂၆ နှစ်တာကာလအတွင်း ကျဆုံး၊ သေဆုံးတဲ့ ရဲဘော်အရေအတွက် ၈၀၀ (ရှစ်ရာ) နီးပါးရှိတယ်လို့ သိရပါ တယ်။ ၁၉၈၈ ABSDF စတင် ဖွဲ့စည်း စဉ် အင်အားက ၈၀၀၀ (ရှစ်ထောင်) ဝန်းကျင်ရှိတာကြောင့် ၁၀ ရာခိုင်နှုန်း ကျော်အထိကျ ဆုံးခဲ့ရတယ်လို့ ပြောနိုင် ပါတယ်။ ငှက် ဖျားဒဏ်၊ ဆင်းရဲမှုဒဏ်၊ မဟာမိတ်နဲ့ နားလည်မှုလွဲခြင်း ဒဏ် တွေကို မခံနိုင်လို့ အိမ်ပြန်သွားတဲ့ ဦး ရေကလည်း ၈၀၀ နဲ့ ၁၀၀၀ ဝန်းကျင် ရှိဦးမယ်ထင် ပါတယ်။ လက်ရှိ ABSDF အင်အားကလည်း ၁၀၀၀ ဝန်းကျင် ကျန်ပါသေးတယ်။
အဲဒီ ၃၀၀၀ ဝန်းကျင်မှအပ ကျန်တဲ့ ၅၀၀၀ လောက်က အခု ဘယ်မှာလဲ။ ဘာတွေလုပ်နေကြသလဲ..။ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ အခြေချ နေထိုင်သူ ရာဂဏန်းနဲ့ချီရှိနိုင်ပေမဲ့ တကယ့်အများစုကြီးက တတိယနိုင်ငံ တွေမှာ ရောက်နေသူတွေ ဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်၊ ဥရောပတိုက်နဲ့ ဩစတေးလျတိုက်မှာ ကျောင်းသား သူပုန်ဟောင်းတွေ နည်းတာမဟုတ်။
ဒါက ရှစ်လေးလုံးနောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးထဲဝင်ပြီး အဲဒီကတစ်ဆင့် တတိယ နိုင်ငံတွေဆီ ရောက်သွားတဲ့ ဗBSDF၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ NLD (လွတ် မြောက်နယ်မြေ)က လူငယ်စာရင်းမျှ သာရှိပါသေးတယ်။ ၁၉၉၀ ရွေးကောက် ပွဲ နောက်ပိုင်း အကျဉ်းထောင်အသီး သီးကနေ လွတ်မြောက်လာပြီး ထိုင်း နယ်စပ်က တစ်ဆင့် တတိယနိုင်ငံတွေ ဆီ ရောက်သွားတဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း လူငယ်တွေကလည်း အ တော်များပါတယ်။ ဒီနှစ်မျိုးစလုံးပေါင်း လိုက်ရင် တစ်သောင်းလောက်ရှိမယ် ထင်ပါတယ်။

 
အခု ဒီလူတွေ ဘာလုပ်နေကြသလဲ။ တိုင်းပြည် အပြောင်းအလဲဖြစ်ဖို့အတွက် စစ်အစိုးရကို လက်နက်ကိုင်တိုက်ခိုက် ခဲ့ဖူးတဲ့ လူငယ်တွေ၊ နှစ်ရှည်ထောင်ကျခံ ပြီး ဘ၀တွေ စတေးခဲ့ဖူးတဲ့လူငယ်တွေ၊ အခုလို သူတို့ရဲ့ မဟာမိတ်ပါတီ NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) အာ ဏာရချိန်မှာ တိုင်းပြည်ပြန်လည်ထူ ထောင်ရေးအတွက် လက်တွဲပါဝင်ဖို့ ပြည်တော် ပြန်မဝင်ကြ သေးဘူးလား။ အခုထိ မပြန်ဘဲ ဘာလုပ်နေကြတာလဲ..။

ပြန်ချင်တိုင်းလည်း မပြန်ရပါ
” ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ဆို သလို တတိယနိုင်ငံရောက် သူပုန်ဟောင်း တွေ၊ နိုင်-ကျဉ်းဟောင်းတွေရဲ့ အိမ်ပြန် နိုင်ရေး အခြေအနေက အပေါ်မှာ မေးခွန်း ထုတ်သလို မလွယ်လှပါ။” NLD အစိုးရ ဖြစ်နေချိန်မှာတောင် ပြန်ဖို့မလွယ် သေးဘူးဆိုတာ ဟုတ်ရဲ့ လား” ဆိုပြီး ထပ်မေးခွန်းထုတ်ဦး မလို့ လား။ တကယ့်ကို မလွယ်သေးပါ။

 

အမိမြေဆီ အပြီးပြန်လာပြီး တိုင်း ပြည်ပြန်လည်ထူထောင်ရေးမှာ ပူးပေါင်း ပါဝင်ရေးကို ခဏထားဦး။ မိဘအိမ်ဆီ ခဏအလည်ပြန်ဖို့ အရေးတောင် ဈေး ဆစ်ခံနေရဆဲပါ။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း ABSDF ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင် အောင်တို့ကို လက်ရှိအစိုးရသစ်က ဗီဇာ ထုတ်မပေးသေးပါ။ အမျိုးသားညွန့် ပေါင်းအစိုးရ ဃြွ့B ဝန်ကြီးချုပ် ဟောင်း ဒေါက်တာစိန်ဝင်း (အာဇာနည် ဦးဘဝင်းရဲ့သား၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဝမ်းကွဲအစ်ကို)လည်း ဗီဇာ မရသေး ပါ။ ဒါက လူသိများသူတွေကို ဥပမာ ထုတ်ပြတာပါ။ ဗီဇာမရတဲ့ တခြားလူ တွေ အများကြီးရှိနေ နိုင်ပါသေးတယ်။

 
” ဟိုလူတွေကမရဘဲ ခင်ဗျားကျ တော့ ဘယ်လိုရသလဲ”  ဆိုပြီး ထပ်မေးဦး မလား။ မေးချင်စရာပါပဲ။ ဘာကြောင့်လဲ ဆို သမ္မတဟောင်းဦးသိန်းစိန် နော်ဝေးကို လာလည်တဲ့ ၂၀၁၃ အစောပိုင်းကနေ အခု ၂၀၁၆ အတွင်း စာရေးသူပြည် တော်ပြန်နေတာ ၄ ခေါက်တောင်ရှိနေပြီ လေ။ တစ်လောက တက်လာတဲ့သတင်း တစ်ပုဒ်မှာဆိုရင် ပြည်တော်ပြန်ချင်တဲ့ ဒေါက်တာစိန်ဝင်း ဝါရှင်တန်သံရုံးမှာ ဗီဇာသွားလျှောက်တော့ နိုင်ငံရေးကင်း ရှင်းရမယ်၊ မြန်မာနိုင်ငံမှာနေထိုင်စဉ် အတွင်း နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှ မလုပ်ပါဘူးဆိုပြီး ခံဝန်ချက်ထိုးခိုင်းတယ် လို့ ကြားရပါတယ်။

 
တစ်သက်လုံး နိုင်ငံရေးလုပ်လာတဲ့ လူကို ဒီလိုခံဝန်ချက်ထိုးခိုင်းတာ နိုင်ငံ ရေး သတ်တာပဲပေါ့။ ဒီလိုခံဝန်ချက် ထိုးပြီးမှ ပြန်ရမယ်ဆို ဘယ်သူကပြန်မှာ လဲ။ ဒါဖြင့် ” ခင်ဗျားပြန်တုန်းကကော အဲလို ခံဝန်ချက်မထိုးရဘူးလား”  လို့ ထပ်မေးစရာ ရှိလာပြန်ပါတယ်။ ဆန်း တော့ဆန်းသား။ သံရုံးတွေအားလုံးဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်မှာရှိ တယ်ဆိုပေမဲ့ မြန်မာသံရုံးတွေရဲ့ လုပ်ထုံး လုပ်နည်းတွေက အားလုံးတစ်ပြေးညီ မဟုတ်ပါ။၂၀၁၃ ခုနှစ် မေလမှာ ပထမဆုံး အကြိမ် ကျနော်ပြည်တော်ပြန်ဖို့ပြင်တော့ နော်ဝေစာအုပ်ဆိုရင် ဥရောပမြို့ကြီးတွေ ဖြစ်တဲ့ လန်ဒန်၊ ပဲရစ်၊ ဘာလင်၊ ဘရာဆဲ ရှိ သံရုံးတွေမှာ လျှောက်ရမယ်လို့ဆိုပါ တယ်။ ဒါပေမဲ့ ကျွန်တော့်အရင် လန်ဒန် မှာ သွားလျှောက်သူတဦးရဲ့ ပြောပြ ချက်အရ (ရှေ့မှာ ဒေါက်တာစိန်ဝင်းကို ခံဝန်ချက် ထိုးခိုင်းသလိုမျိုး) ခံဝန်ချက် ထိုးခိုင်း နေတယ်လို့ သိရပါတယ်။ ဒါဆို ရင်တော့ မဖြစ်ဘူး။ တခြား ဘယ်နည်း လမ်းရှိသေးလဲဆိုပြီး လိုက်ရှာတော့ ဘန်ကောက်သံရုံးမှာ ဘာခံဝန်ချက်မှ ထိုးစရာ မလိုဘူး။ မနက်လျှောက်၊ ညနေ ရတယ်ဆိုပြီး ဘန်ကောက်ကနေ ဗီဇာ လျှောက်ပြီး ဝင်သွားသူတစ်ဦးက ပြော ပါတယ်။

 
ဒီလိုနဲ့ ဘန်ကောက်ကိုလာပြီး လျှောက်တော့ သူပြောတဲ့အတိုင်းပါပဲ။ ဘာခံဝန်ချက်မှ ထိုးစရာမလို။ မြန်မာ ပြည်တွင်းရှိ ပုဂ္ဂိုလ်တစ်ဦးဆီက ဖိတ်စာ ရှိရုံနဲ့ ရပါတယ်။ အဲဒီဖိတ်စာဆိုတာက လည်း သံရုံးမှာ နမူနာပြထားတဲ့ စာရွက် ထဲ ကိုယ်ဘာ သာကြည့်ကျက် ဖြည့်လိုက် ရုံပါပဲ။ ဒီလိုနဲ့ ပြည်တော်ပြန်တွေ အတော်များများ ဘန်ကောက်သံရုံးဆီ ပြုံ ဆင်းလာတယ် ဆိုပါတော့။
ဒါပေမဲ့ ၂၀၁၄ ထဲလည်း ရောက် ရော၊ (တခြားသံရုံးတွေက ပြောလို့လား မသိပါ) ဘန်ကောက် သံရုံးကပါ ခံဝန် ချက်ထိုးမှ ပေးမယ်ဆိုပြီး ပြောလာ ပါတယ်။ ဒီတော့ တခြားနည်း ထပ်ရှာ ရပြန်ပေါ့။ နောက်ဆုံးတော့ ကမ္ဘာလှည့် ခရီးသည်တွေကိုပေးတဲ့ န-လငျa ဆို တာကို တွေ့ပါတယ်။ ဘာမှ လုပ်စရာ မလို၊ ဘယ်သူနဲ့မှလည်း ပြောစရာ မလို။ အင်တာနက်ပေါ် ဒေါလာ ၅၀ သွင်းပြီး လျှောက်လိုက်ရုံနဲ့ ၂၄ နာရီအတွင်း ဗီဇာရပါတယ်။

 
ဒါပေမဲ့ ဒါတွေဟာ နည်းမှန်လမ်းမှန် တော့ မဟုတ်သေးပါ။ e-visa   နဲ့ဆို နိုင်ငံရေး မလုပ်ရဘူး။ နေအိမ်မှာ မတည်း ရဘူး။ ဘာမလုပ်ရဘူး ညာမလုပ်ရဘူး ဆိုပြီး ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ခရီးစဉ် ၄ ခေါက်စလုံး NLD ရုံးချုပ်ဆီ မပျက်မကွက် ရောက်ခဲ့ပါ တယ်။ တိုင်းရင်းသား ပါတီရုံးခန်းတွေနဲ့ ၈၈ မျိုးဆက် ရုံးခန်းတွေဆီ ရောက်ခဲ့ ပါတယ်။ 7 July အခမ်းအနားမှာ စင်မြင့် ပေါ်တက် ပြီး နိုင်ငံရေးစကား ပြောခဲ့ပါ တယ်။ တစ်ချိန်က ABSDF တောင်ပိုင်း ဌာနချုပ် မင်းသမီး စခန်းဟောင်းအထိ သွားပြီး သူပုန်ဟောင်းတွေ၊ သူပုန်သစ် တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆိုလိုတာက နိုင်ငံရေးသမားကို နိုင်ငံရေးကင်းရှင်း ရမယ်ဆိုပြီး ကန့်သတ်ထားထားဟာ အဓိပ္ပာယ်မရှိပါ။

ဗီဇာ မူဝါဒသစ်တွေ ထွက်လာတော့မလား
ထားတော့။ ဗီဇာလျှောက်နည်း အကြောင်းပြောရင်းနဲ့ လိုရင်းမရောက်ဘဲ နေဦးမယ်။ ဆိုလိုတာက သူပုန်ဟောင်း တွေ၊ နိုင်-ကျဉ်းဟောင်းတွေ ပြည် တော်ပြန်ရေးဆိုတာဟာ ပြည်တွင်းက ရဲဘော်ရဲဘက်တွေ၊ မိသားစုတွေ ထင် ထားသလောက် မလွယ်ကူပါ။ အဲဒီ ၂၈ ရက်စာ ဗီဇာနဲ့ဝင်ပြီး ရက်ထပ်တိုး တဲ့ကိစ္စက ပိုတောင်ခက်ပါသေးတယ်။ ဩစတေးလျနိုင်ငံသား စာအုပ်ကိုင် ထားတဲ့ DVB ဝန်ထမ်းဟောင်းတစ်ဦး တစ်လောက Facebook မှာ ရေးပြ ထားတဲ့ ဆိုရှယ်ဗီဇာသက်တမ်းတိုးဖို့ သတင်းတစ်ပတ်ခန့် အချိန်ပေးပြီး အဆင့်ဆင့် လုပ်ဆောင်ရပုံကို ဖတ်မိရင် သိပါလိမ့်မယ်။
ဒါပေမဲ့ အားလုံး ဒီလိုခက် နေတာ မျိုးတော့လည်း မဟုတ်ပြန်ပါဘူး။MPC နဲ့ တခြား အစိုးရနဲ့ ဆက်စပ်တဲ့ နေရာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတက်နေသူတွေ၊ မီဒီယာသမားတွေ၊ NGO သမားတွေ အနည်းအကျဉ်းကျ တော့လည်း ကျြငညနျ ဠငျနေဲ့ အလုပ်ဖြစ်နေပြန်ပါတယ်။ တချို့ဆို နိုင်ငံခြားစာအုပ်ကို ပြန်အပ်ပြီး မြန်မာ နိုင်ငံသားစာအုပ်တောင် ပြန်ရနေပါပြီ။ ဒါပေမဲ့ ဒီအရေအတွက်က ရှေ့မှာ တင်ပြ ခဲ့တဲ့ တစ်သောင်းထဲက တစ်ဒါဇင် လောက်ပဲရှိမယ် ထင်ပါတယ်။ဒီတောအတွင်း ဗြိတိန်နဲ့ အမေရိ ကန်ပြည်ထောင်စုဆီ ခရီးထွက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် (နိုင်ငံခြား ရေး ဝန်ကြီးလဲဖြစ်ပါတယ်) ဒေါ်အောင် ဆန်းစုကြည်က လန်ဒန်ရောက်မြန်မာတွေ နဲ့တွေ့တော့ သံရုံးတွေနဲ့တည့်အောင် ပေါင်းကြလို့ ပြောသွားတယ်လို့ကြားရပါ တယ်။ တစ်ခါ ဝါရှင်တန်ရောက် မြန်မာ တွေနဲ့တွေ့စဉ်မှာလည်း ဗီဇာကိစ္စအတွက် သံရုံးကို စာရေးပြီး ပြောပါ။ မူဝါဒတစ်ရပ် ချပြီး လုပ်ပေးသွားမယ်ဆို တဲ့သဘော မျိုးပြောခဲ့တယ်လို့ Business Visa  မြန်မာ ပိုင်း အစီအစဉ်တွေကနေတစ်ဆင့် ကြားခဲ့ရပါတယ်။
အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ဟာ သူပုန်တပ်နဲ့ အစိုးရတပ် ဆွေးနွေး နေရုံသက်သက်နဲ့ မလုံလောက်ပါ။ နိုင်ငံ ရေး အကျဉ်းသားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲကျင်းပနိုင်ရုံနဲ့ မလုံလောက် ပါ။ နယ်စပ်တစ်ကြောရှိ စစ်ပြေးဒုက္ခသည် တွေ အိမ်ပြန်ရေး လုပ်ပေးဖို့ လိုနေပါ တယ်။ သူပုန်ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဂုဏ်သိက္ခာ ရှိစွာ အမိမြေဆီပြန်လာ နိုင်ရေး၊ တိုင်း ပြည်ပြန်လည် တည်ဆောက်ရေးလုပ်ငန်း စဉ်တွေမှာ ပါဝင်ခွင့်ပေးရေးတွေကို  ဆောင်ရွက်ဖို့လည်း လိုအပ်နေပါသေး တယ်။
အရင် စစ်တစ်ပိုင်းအစိုးရခေတ်က ဒါတွေကို မစဉ်းစားနိုင်ခဲ့တာကို ထား လိုက်တော့။ အခု ၈၈ အရေးတော်ပုံ တုန်းက စာရေးသူတို့နဲ့အတူ လှုပ်ရှားခဲ့တဲ့ ရဲဘော်ရဲဘက်တွေတောင် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေအဖြစ် ပါဝင်နေတဲ့ NLD အစိုးရ ခေတ်မှာတော့ ဒါကို ခေါင်းစဉ်တစ်ခုအနေနဲ့ စဉ်းစားဖို့အချိန် တန်နေပြီ ဖြစ်ပါတယ်။