ပေါက်တိုင်းချောင်းဖျား ရေပြန်ကြည်သော်လည်း ဒေသခံများ မသုံးရဲ

0
403

သတ္တုထုတ်လုပ်မှု ဒဏ်ကြောင့် နှစ်ချီ နောက်ကျိပျက်စီးနေသည့် ပေါက် တိုင်းချောင်းဖျားတွင် ချောင်းရေ ပြန် လည်ကြည်လင်လာကြောင်း တိုင်း ဒေသကြီး သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်နှင့် ဒေသခံများထံမှ သိရသည်။


paunttine_streamယင်းချောင်းဖျားရှိ သတ္တုကုမ္ပဏီ ၂ ခု သတ္တုထုတ်လုပ်မှု ရပ်ဆိုင်းပြီး ၂ လ နီးပါးအကြာတွင် ယင်းသို့ ပြန်လည် ကြည်လင်လာခြင်း ဖြစ်သည်။” ကျွန်တော်ကိုယ်တိုင် သွားကြည့် တာပါ၊ ရေပြန်ကြည်နေပါပြီ”  ဟု ဦးမြင့် မောင်က ပြောသည်။
ရေအမြဲကြည်နေရန် ကြိုးစားသွား မည်ဖြစ်ပြီး ဒေသပေါက် ငါးမျိုးစိတ်များ   ပြန်လည်ရှင်သန်ရေးအတွက် ကျွမ်းကျင် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ဦးမြင့်မောင်က ဆိုသည်။သို့သော် မိုးရွာသည့် အချိန်များ တွင် ရေနောက်များ ဆင်းလာနေဆဲဖြစ်ပြီး   ချောင်းရေကို ဒေသခံများ အသုံးမပြု ရဲသေးကြောင်း ၀ကုန်းရွာမှ ဒေသခံ သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ ဝင် ဦးဖိုးနီက ပြောသည်။
” သတ္တုမိုင်းတွေက ဓါတုဆေးတွေ သုံးထားဖူးတော့ ရေကြည်လာပေမဲ့ မသုံးရဲကြသေးဘူး” ဟု ဦးဖိုးနီက ပြော သည်။
ပေါက်တိုင်းချောင်ဖျားတွင် ရေကြည်လာပြီဖြစ်သော်လည်း ချောင်း ရိုးတစ်လျှောက် ဆယ်မိုင်ခန့် (ပကာရီ ရွာအနီးထိ)သာ ရေကြည်နေကာ ပကာရီ အလွန်ပေါက်တိုင်းချောင်းမှာ ဆက်လက် နောက်ကျိနေဆဲဟု ဦးဖိုးနီထံမှ သိရ သည်။
ထားဝယ်နှင့် ၁၀ မိုင်ခန့်အကွာ ပကာရီရွာအနီးရှိ သတ္တုကုမ္ပဏီတစ်ခုမှာ ဆက်လက်လည်နေဆဲ ဖြစ်နိုင်သည်ဟု ဦးဖိုးနီက ဆိုသည်။
အရှည် ၁၇ မိုင်ခန့်ရှိသည့် ပေါက် တိုင်းချောင်းသည် ၀ကုန်းတောင်မှစကာ ထားဝယ်မြစ်အတွင်းသို့ စီးဝင်သည်။