မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (တနင်္သာရီတိုင်း) စဖွဲ့

0
500

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေ များအသင်း(တနင်္သာရီတိုင်း)ကို စက် တင်ဘာလ ၁၇ ရက်က ထားဝယ်မြို့တွင် စတင် ဖွဲ့စည်းလိုက်သည်။အလုပ်အမှုဆောင် ၁၁ ဦးပါသည့် အဆိုပါအသင်းကို အသင်းဝင်ပေါင်း ၁၀၃ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီး တိုင်းအတွင်း ခရိုင် ၃ ခုမှ ရှေ့နေလိုင်စင် ရရှိထားသူများ ပါဝင်ကြောင်း ဗဟို အလုပ်မှုဆောင် ကော်မတီဝင် (တနင်္သာ ရီတိုင်း ဒေသကြီး) ဦးခင်မောင်အေးက ပြောသည်။


” တရားလွှတ်တော်ရှေ့နေ ဒါမှ မဟုတ် အထက်တန်း ရှေ့နေလိုင်စင် ရထားသူတွေ အသင်းဝင်အဖြစ် လာ လျှောက်နိုင်တယ်”ဟု ဦးခင်မောင်အေးက ပြောသည်။မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကို ရှေ့နေများ၏ တာဝန်နှင့် အခွင့်အရေးများ တိုးမြှင့်ကာကွယ်ရန်၊ မြန်မာနိုင်ငံအတွင်းရှိ ရှေ့နေရှေ့ရပ် များအားလုံးကို ကိုယ်စားပြုသည့် တစ်ခု တည်းသော လွတ်လပ်၍ အမှီအခို ကင်း သည့် ရှေ့နေအသင်းကြီးအဖြစ် ရပ်တည် ဆောင်ရွက်ရန်နှင့် တရားဥပဒေစိုးမိုး ရေးအတွက် ပံ့ပိုးကူညီရန် အစရှိ သည့် ရည်ရွယ်ချက် ၁၅ ချက်ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းမှ သိရ သည်။

 
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း(ဗဟို)ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းနှင့် ပြည်နယ် ၁၄ ခုအပါအဝင် နေပြည်တော်တို့တွင်လည်း အသီးသီးဖွဲ့ စည်းလျက်ရှိကြောင်း အဆိုပါ အသင်း ထံမှ သိရသည်။