ထားဝယ်ဒေသ လျှပ်စစ်သုံးစွဲမှု သုံးဆနီးပါးတိုး

0
363

ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ် အား သုံးစွဲမှု တစ်နှစ်အတွင်း သုံးဆ နီးပါး တက်လာသည်။
ယမန်နှစ်က ထားဝယ်ဒေသ လျှပ် စစ်မီးသုံးစွဲမှုမှာ ၃ မဂ္ဂါဝပ်သာရှိရာမှ လက်ရှိအချိန်တွင် ၈ မဂ္ဂါဝပ် အထိရှိလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ် စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။


ယင်းကြောင့် ထားဝယ်ဒေသ ပွင့် လင်းရာသီ လျှပ်စစ်လိုအပ်ချက်ပြည့်မီ စေရေး ဖြေရှင်းနိုင်ရန် နည်းလမ်း ၃ ခု ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။ထားဝယ်ဒေသတွင် လျှပ်စစ်ဓာတ် အား သုံးစွဲမှု တစ်နှစ်အတွင်း သုံးဆ နီးပါး တက်လာသည်။ ယမန်နှစ်က ထားဝယ်ဒေသ လျှပ် စစ်မီးသုံးစွဲမှုမှာ ၃ မဂ္ဂါဝပ်သာရှိရာမှ လက်ရှိအချိန်တွင် ၈ မဂ္ဂါဝပ် အထိရှိလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ် စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။ယင်းကြောင့် ထားဝယ်ဒေသ ပွင့် လင်းရာသီ လျှပ်စစ်လိုအပ်ချက်ပြည့်မီ စေရေး ဖြေရှင်းနိုင်ရန် နည်းလမ်း ၃ ခု ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။
လက်ရှိအချိန်တွင် ထားဝယ်ဒေသ မီးသုံးစွဲမှုအတွက် လုံလောက်မှုမရှိသည့် အတွက် အလှည့်ကျမီးဖြတ်သည့် စနစ် ဖြင့် လျှပ်စစ် ဓာတ်အားပေးနေရပြီး လာမည့်ပွင့်လင်းရာသီတွင် မီးသုံးစွဲမှု လက်ရှိအချိန်ထက် မြင့်တက်လာမည် ဖြစ်သည့်အတွက် လျှပ်စစ်တိုးထုတ်နိုင် ရန် ပြင်ဆင်နေကြောင်း ဒုတိယတိုင်း လျှပ်စစ်အင်ဂျင်နီယာ အင်ဂျင်နီယာမှူး ကြီး ဦးထွန်းဝဏ္ဏ ကဆိုသည်။
ပထမနည်းလမ်းအဖြစ် ကံပေါက် ဒေသတွင် လက်ရှိ လည်ပတ်နေသည့် ဂက်စ်အင်ဂျင် ၆ လုံးမှ လျှပ်စစ် ၆ မဂ္ဂါဝပ် ထွက်ရှိနေရာမှ ဂက်စ်အင်ဂျင် ထပ်တိုးကာ လျှပ်စစ်ပိုထုတ်ရန်၊ ဒုတိယ နည်းလမ်းအဖြစ် ထားဝယ်ဓာတ်အားခွဲရုံ တွင် ၄ မဂ္ဂါဝပ်ထုတ်နိုင်သည့် ဒီဇယ် အင်ဂျင် ၇ လုံးကို တိုင်းဒေသကြီး ဘတ် ဂျက်ဖြင့် ဝယ်ယူသွားရန်၊   တတိယနည်း လမ်းအဖြစ် လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ အစရှိသည့် မြို့နယ်များရှိ လျှပ် စစ်ဓာတ်အားခွဲရုံများတွင် မီးစက်များ တပ် ဆင်ရန် ပြင်ဆင်ထားကြောင်း ၎င်း က ဆိုသည်။
” လာမယ့်နွေရာသီမှာ ပြည်သူတွေ ကို မီးပြည့်ပြည့်၀၀ ပေးချင်တယ်၊ မီး ခဏခဏ လာနေတယ်လို့ မဖြစ်ရအောင် ပါ”  ဟု အင်ဂျင်နီယာမှူးကြီး ဦးထွန်း ဝဏ္ဍ ကပြောသည်။
ထားဝယ်ဒေသကို လျှပ်စစ် လိုအပ် ချက် ပြည့်ဝစွာပေးနိုင်ရန် လာမည့် တစ် လအတွင်း 500KVA မီးစက် ၂ လုံး ရောက်ရှိလာမည်ဖြစ်ကြောင်း DDPC လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာက ဆိုသည်။
“နောက်ထပ် အစိုးရ အင်ဂျင်စက်နဲ့ ဒီကစက်နဲ့ဆိုရင် လက်ရှိအနေအထား အရ လုံလောက်မှုရှိနိုင်တယ်”  ဟု အမှု ဆောင်ဒါရိုက်တာ ဦးအောင်ဇော်ဟိန်း က ပြောသည်။လက်ရှိတွင် ကံပေါက်ဒေသတွင် တပ်ဆင်လည်ပတ်နေသည့် ဂက်စ် အင်ဂျင် ၆ လုံးမှ လျှပ်စစ် ၆ မဂ္ဂါဝပ် နှင့် လုံလောက်မှု မရှိပေ။ ထိုကြောင့် ထားဝယ်ဓာတ်အားခွဲရုံတွင် တပ်ဆင် ထားသည့် ဒီဇယ်အင်ဂျင် ၅ လုံးမှ လျှပ်စစ် ၂.၅ မဂ္ဂါဝပ် ထုတ်လွှတ်ပေး နေကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။
ထားဝယ်မြို့နယ်တွင် မီးသုံးစွဲမှု အမြင့်ဆုံးအချိန်ဖြစ်သည့် ည ၇ နာရီ ခန့်တွင် မီးသုံးစွဲမှုမှာ ၅.၂၄ မဂ္ဂါဝပ် ရှိပြီး ဓာတ်အားသုံးစွဲမှု အနည်းဆုံးအချိန် ဖြစ်သည့် နံနက် ၂ နာရီခန့်တွင် မီး သုံးစွဲမှု ၁.၇၉ မဂ္ဂါဝပ်သာရှိကြောင်း လျှပ်စစ်ဓာတ်အားခွဲရုံ၏ မှတ်တမ်းများ အရ သိရသည်။