တနင်္သာရီ လူသတ်မှုတွင် ပါဝင်သူ ၂ ဦး လွတ်မြောက်ဆဲ

0
408

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သမုတ်ချုံးကျေးရွာအုပ်စု ရေဖြူကျေး ရွာနှင့် မြေမအုံကျေးရွာအကြားတွင်              ဩဂုတ်လ ၃၁ ရက်က ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ပါဝင်သူ ၃ ဦးအနက်  ၂ ဦး လွတ်မြောက်ဆဲ ဖြစ်ကြောင်း ယင်း မြို့နယ် ရဲစခန်းမှ သိရသည်။


သေဆုံးသူ မြင့်ထွေး(၃၇)နှစ်သည် ပြည်ကြီးမဏ္ဍိုင်မြို့တွင် နေထိုင်သူဖြစ်ပြီး သူငယ်ချင်းဖြစ်သူ မောင်မောင်နိုင်နှင့် အတူ ဩဂုတ်လ ၃၁ ရက်က ဆိုင်ကယ် ရောင်းချရန် ထွက်သွားခဲ့ကြောင်း ဇနီး ဖြစ်သူ၏ ပြောကြားချက်ကို ကိုးကားပြီး ရဲစခန်းမှတ်တမ်းတွင် ဖော်ပြသည်။
မောင်မောင်နိုင်ဆိုသူအား စက်တင် ဘာလ ၁ ရက် မွန်းလွဲ ၅ နာရီအချိန် ခန့်တွင် မြိတ်မြို့တွင် ဖမ်းဆီးရမိခဲ့ ကြောင်း တနင်္သာရီရဲစခန်းမှ သိရသည်။
၎င်း၏ ထွက်ဆိုချက်အရ လွန်ခဲ့ သော တစ်ပတ်ခန့်က ထိုင်းနိုင်ငံ ဘန် စဖန်မြို့မှ အသိဖြစ်သူ နိုင်နိုင်ဆို သူက ပြည်ကြီးမဏ္ဍိုင်တွင် နေထိုင်သော မြင့်ထွေးက ၎င်းအား လူလည်ကျသွား သဖြင့် ဆုံးမလိုသည်ကို ဖုန်းဖြင့်ပြောဆို လာခဲ့သည်။
ထို့ကြောင့် မြင့်ထွေး ဆိုင်ကယ် ဝယ်မည်ဟု ပြောကာ ခေါ်လာခဲ့ပြီး ရဲဘက်ကုန်းနှင့် ဗျူဟာကုန်းကြား အရောက်တွင် အသင့်ရောက်နေသည့် နိုင်နိုင်နှင့်အခြားသူတစ်ဦးမှ မြင့်ထွေး အား ဆိုင်ကယ်ပေါ်တွင် ညှပ်ပြီးခေါ် ဆောင်သွားခဲ့ပြီး မောင်မောင်နိုင်ကို ထားရစ်ခဲ့ကာ နာရီဝက်ခန့်အကြာတွင် နိုင်နိုင်နှင့်အခြားသူတစ်ဦးမှ ပြန်လည် ရောက်ရှိလာပြီး မြင့်ထွေးအား ၎င်းတို့ ရှင်းလိုက်ပြီကို ပြောဆိုခဲ့ကြောင်း ထွက် ဆိုချက်အရ သိရသည်။
နိုင်နိုင်နှင့် အခြားသူတစ်ဦးမှ ချက်ချင်း မောတောင်နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းသို့ ပြန်ဝင်မည်ဖြစ်ကာ အသတ်ခံရသူ မြင့်ထွေး ဆိုင်ကယ်ကို ရောင်းချပြီး စရိတ်ပြုလုပ်ပြီး ထိုင်းသို့ လိုက်လာရန် ပြောဆိုထားခဲ့ကြောင်း သိရသည်။ယင်းဆိုင်ကယ်နှင့်အတူ မြိတ်မြို့ သို့ထွက်ခွာလာခဲ့ပြီး စက်တင်ဘာလ ၁ ရက် ညနေ ၅ နာရီအချိန်တွင် မြို့မ ၂ ရပ်ကွက်ရှိ ၎င်း၏ ကြီးကြီး ဖြစ်သူထံ ရောက်ရှိနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။