လောင်းလုံး – ရေဖြူ မြို့နယ်ချင်း ဆက်လမ်း ချဲ့မည်

0
383

ထားဝယ်ခရိုင်အတွင်းရှိ မြို့နှစ်မြို့ ဖြစ်သည့် လောင်းလုံးနှင့် ရေဖြူမြို့နယ် နှစ်ခုကို ဆက်သွယ်ထားသည့် မြို့နယ် ချင်းဆက်လမ်းကို ယခု ဘဏ္ဍာရေးနှစ် အတွင်းချဲ့မည်ဖြစ်ကြောင်း ခရိုင်လမ်းဦး စီးဌာနထံမှ သိရသည်။


လောင်းလုံးမြို့နယ် နခံတောကျေး ရွာမှ ရေဖြူမြို့ (အနောက်ဖက်ကမ်း)အထိ လက်ရှိ ၁၂ ပေအကျယ် ရှိသည့်  မြို့နယ်ချင်း ဆက်လမ်း ၁၈ ပေမှ ၂၄ ပေအကျယ်အထိ ချဲ့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်လမ်းဦးစီးဌာနမှ အငယ် တန်း အင်ဂျင်နီယာ-၂(မြို့ပြ) ဦးဇော်နိုင် ဝင်းက ပြောသည်။” ရေဖြူမြို့နယ်အစ ပိန်းရှောင်က နေ ရေဖြူမြို့အထိ လမ်းတစ်လျှောက်ရွာ ၈ ရွာရှိတယ်။ အဲဒီရွာတွေရဲ့ ရွာထဲလမ်း ကို ၂၄ ပေချဲ့ပြီး ကျန်တဲ့နေရာမှာတော့ ၁၈ ပေအကျယ်ချဲ့မှာပါ ”  ဟု ဦးဇော်နိုင် ဝင်းကပြောသည်။

 
ခင်းမည့် လမ်းအကွာအဝေးမှာ ၁၈ မိုင်ဖြစ်ပြီး ၁၈ ပေ အကျယ်ခင်းမည့်လမ်း ၁၁ မိုင် ၃ ဖာလုံနှင့် ၂၄ ပေအကျယ် ခင်းမည့်လမ်း ၆ မိုင် ၅ ဖာလုံ ပါဝင် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ယင်းလမ်းတစ်လျှောက်တွင် ၁၀ ပေ တံတား ၃ စင်း၊ ပေ ၂၀ တံတား ၁ စင်း၊ ပေ ၄၀ တံတား ၃ စင်း၊ ပေ ၈၀ တံတား ၁ စင်းနှင့် ၅ ပေ ရေပြွှန် ၁၅ ခုတည်ဆောက်မည်ဖြစ်ပြီး ရှိပြီး တံတားတစ်စင်းကို ၁၀ ပေ အကျယ်ချဲ့ မည်ဖြစ်ကြောင်း ခရိုင်လမ်းဦးစီး ဌာန ထံမှ သိရသည်။
လမ်းချဲ့ခြင်းနှင့် တံတားတည် ဆောက် ခြင်းလုပ်ငန်းများ အတွက် ငွေကျပ် သန်းပေါင်း ၂၉၈၁ သန်း ကုန် ကျမည်ဟု ခန့်မှန်း တွက်ချက် ထားပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ သို့တင်ပြထားကြောင်း ယင်းဌာနထံမှ သိရသည်။လာမည့် စက်တင်ဘာလ ၆ ရက်တွင် လုပ်ငန်းအချို့ကို စတင်လုပ် ဆောင်မည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ် အကုန် ဖြစ်သည့် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား၍ လုပ်ငန်း အား လုံးကို အပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဇော်နိုင်ဝင်းက ပြောသည်။
ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်များက အဆိုပါ လမ်းကို ၁၂ ပေ အကျယ် ကတ္တရာလမ်းခင်းခဲ့ကြောင်း သိရသည်။