မဲပြားပုဆိုးပေါ်က ချုပ်ရိုးများ

0
531

မိုးသဲသဲ ညကြီးမိုးချုပ် သိုးသိုးသုတ် သုတ်နှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ကျွန်တော်တို့ မေတ္တာမြို့ကိုရောက်လာကြတော့-၊ မေး တဲ့သူကလည်းမေး ဖြေသူကလည်း ဖြေကြနဲ့စည်နေရော။ ” ဟယ်.. ညကြီး မိုးချုပ်နဲ့”  တဲ့ တအံ့တဩမေးသံ၊ ” မနက် ဖြန်- လူကြီးလမ်းကြောင်းလေ” တဲ့၊ ဖြေတဲ့အသံ ဒီတော့မှ.. အော်..တဲ့ ဒါမျိုးတွေရိုးနေပြီဆိုတဲ့ အကြည့်။


ငယ်ငယ်တုန်းက ရုပ်ရှင်တွေမှာ..ကျော်ဟိန်းနဲ့ ဆွေဇင်ထိုက်တို့ ညွန့်ဝင်းနဲ့ ခင်းသန်းနုတို့ ဇာတ်ကားတွေ ကြည့်ဖြစ် ပါတယ်။ ဒါပေမဲ့ သတိထားမိတာလေး တစ်ခုကတော့ ဘယ်သူ့ကားပဲ့ ကြော်ငြာ – ကြော်ငြာ အဲဒီထဲမှာ ” သမ္မတ လူကြမ်း ပေါင်းစုံ” အဖွဲ့ကတော့ ကားတိုင်းနီးပါး ပါစမြဲပဲနော်…မှတ်မိလား။ဟုတ်ပဗျာ.. မဆီမဆိုင် အဲဒီဝန် ထမ်းတွေကို ကြည့်ပြီး ကျွန်တော် ဥဩငှက်တွေကိုလည်း သတိရမိသွား သေးတယ်လေ။ နွေနဲ့အတူ အသံတွေ ကြားပြီး နွေနဲ့အတူတူပဲ ပျောက်သွား ကြတဲ့ ဥဩငှက်လေးတွေ-။
ညနေက သမီးကျောင်းက ပြန် နောက်ကျတော့ မေးမိသိတယ်။ ဘာဖြစ် လို့ နောက်ကျတာလဲလို့ မနက်ဖြန်လူကြီး လာမှာမို့ သန့်ရှင်းရေးတွေ လုပ်နေရ တယ်..တဲ့။ ကဲ . . . ။ ပြောင်းလဲချိန်တန်ပြီ.. ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ ဘာတွေများ ပြောင်းလဲသွားပြီးလဲ၊ ပြောင်းလဲလို့ မရသေးတာတွေကော.. မရဲတရဲလေး.. စေတနာနဲ့ စစ်ကြော တွေးတောမိပါရဲ့ဗျာ။
ဪ ၂၀၁၀ ခုနှစ် ဝန်းကျင်တွေတုန်း ကတော့ တိုက်ပုံအင်္ကျီ အဖြူရောင် လေးတွေနဲ့ လုံခြည်အစိမ်းရောင်လေး တွေ..။ ရင်ဘတ်မှာ ခြင်္သေ့တံဆိပ် ရင်ထိုး လေးတွေနဲ့ လာရာလမ်းကို ကြိုကြ။ ပြန် ရာလမ်းကို ဦးညွန့် နှုတ်ဆက်ကြ.. ယာဉ်တန်းတွေ မျက်စိဆုံးသွားတော့ ဟေးလားဝါးလားနဲ့ အားလုံးလိုလို နီးရာဆိုင်ထဲဝင် –  ဟိုဆိုင်- ဒီဆိုင်ရောက် အပျော်အပျက်တွေ ပြောပြီး ၅ နှစ် စခန်း သိမ်းသွားကြလေရဲ့နော်။

 
ဟော ခုလဲ တိုက်ပုံအင်္ကျီအရောင် လေးတွေသာ ပြောင်းသွားကြတယ်. အင်း သမ္မတ လူကြမ်းပေါင်းစုံပဲ..    နေမှာပါလို့ တွေးမိတွေးရာ တွေးဖြစ်သွားပြန်ရော။မေတ္တာမြို့ ညကြီးမိုးချုပ် အိမ်ခန်း တွေထဲ အလုပ်တွေ ရှုပ်နေကြလေရဲ့။ မှိုတက်နေတဲ့ စားပွဲကုလားထိုင်တွေ၊ ပင့်ကူအိမ်ဖွဲ့နေတဲ့ အခန်းများကို ရှင်း ကြ။ ယွဲ့ကိုင်းနေတဲ့ ဆိုင်းပုဒ်နဲ့ ဓာတ်ပုံ တွေကို ပြုပြင်လို့၊ အမှိုက်တွေ သိမ်းနဲ့ ဒီတစ်ညတော့ လွတ်လပ်စွာသွားလာ လှုပ်ရှားခွင့်ရှိနေတဲ့ ကြွက်တွေခမျာ ချေချုပ်မိသွားပြီ ထင်ပါရဲ့..နော်။

 
မေတ္တာမြို့တည် မင်းတရားကြီးဟာ အမြော်အမြင်ကြီးစွာဖြင့် မြို့ကို ခိုင်ခန့် သော ဆိုင်းပုဒ်များကို အသုံးပြုပြီး တည်ဆောက်ခဲ့လေသလားလို့။ ထင်မှား ခဲ့ပါရဲ့ ဗျာ။ ဟုတ်တယ်လေ- တချို့ဌာန ဆိုင်ရာတွေက ဆိုင်းပုဒ်ပဲ ရှိခဲ့တာကိုး။
တချို့နေရာတွေမှ လူကြီးလာမယ် ဆိုလို့ တစ်ညလုံး- မအိပ်မနေ ကြက် ရှာသူရှာ ဗူးသီးနွှာသူနွှာ- တည်ဖို့ချက်ဖို့ တကုတ်ကုတ်နဲ့ပေါ့ ဖုန်းတွေကလည်း တရွမ်ရွမ် တတီတီနဲ့ နီးစပ်ပတ်သတ်ရာ တွေထံ အကူအညီတွေတောင်း ရပ်ကွက် မှူးတွေခမျာလည်း ရပ်မိရပ်ဖတွေ မီး သတ်တွေ ပါတီဝင် အသစ်အဟောင်း တွေနဲ့ မိခင်နဲ့ ကလေးအဖွဲ့တွေပါ မကျန် ရအောင် တအိမ်တက်ဆင်းနဲ့ လိုက်ပြောရ နှိုးဆော်ရနဲ့        ” ဘာတဲ့”  ” မနက် ၆ နာရီ နော်”  တဲ့။

 
မြို့အုပ်ချုပ်ရေးမှူးက မနက် ၇ နာရီ အရောက်လို့ ဖုန်းနဲ့မှာခဲ့ပါလျက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပါးစပ်ထဲ ရောက်တော့ မနက် ၆ နာရီဖြစ်က ရောနော်။ ဒါတောင်မှ မိခင်နှင့် ကလေး အဖွဲ့ဝင် အမေ လုပ်တဲ့သူက သူ့သမီးကို မှာလိုက်သေးတယ် ” သမီး မနက် ၅နာရီ အမေ့ကိုနှိုးတဲ့”  အဲ သမီးလုပ်သူက နာရီ နှိုးစက်ကို အချက်ပေးလိုက်တာက နံနက် ၄ နာရီ။ကုန်လိုက်တဲ့ အချိန်တွေ။ ပြင်ဆင် လိုက်ရတဲ့ ကုန်ကျစရိတ်တွေ တကယ် ရောက်မည့်အချိန်က မနက် ၈ နာရီ ဒီလို ပုံစံတွေ ဒီအဖြစ်အပျက်တွေကို ဟိုး ခေတ်ရှေးရှေးက တိုင်းမှူး ခရီးစဉ် ပေါင်း များစွာ ပေးဆပ်ခဲ့ရဖူးပါတယ်ဗျာ။ လေးငါး ဆယ်ရက် ဆယ့်ငါးရက်မက ကြိုတင် ပြင်ဆင်ခဲ့ကြရတာတွေ အဲဒီ နောက် ၂၀၁၀ ဝန်းကျင်ကလည်း  လူကြီး ခရီးစဉ်တွေမှာရော ပြင်ဆင်ခဲ့ကြဖူး ပါတယ်။ ကြီးကျယ်ခန်းနားနဲ့ – ခုရောပဲ လိုအပ်နေသေးလို့လား အစိုးရကပြည်သူ ပြည်သူက အစိုးရအချိုးတွေလည်း ကျနေ ပါပြီ။ ဒါပေမဲ့ လိုအပ်တာ လောက်က တော့ အဆင့်အတန်းတစ်ခုခုနဲ့ ထိုက် ထိုက်တန် တန်ကြိုဆိုရမှာပါ လိုအပ်တာ ထက် ချဲ့ခဲ့ ကားခဲ့တာတွေဟာ ခုလဲ ဒီလိုပဲလား ဒီမဲပြား မုဆိုးကြီးဟာ ဟောင်းနွမ်းလွန်း လှပါပြီ။ ချုပ်ရိုး အသစ်နဲ့ ဝတ်နေကြဦးမလား။ စိတ်ပူ မိပါတယ်။

 
တိုင်းပြည်ထူထောင်ရေး လုပ်နေ ချိန်မှာ ဟောင်းနွမ်းလွန်းတဲ့ လမ်းကြောင်း အသုံးတည့်လို့ ကောင်းရင်တော့ ဆက် သုံးသင့်ပါတယ်။ မသင့်တော်တော့ဘူး ဆိုရင်တော့ စနစ်တကျပြုပြင်ပြောင်းလဲ သင့်ပါပြီ။ ရောမမြို့ကြီးကို တရက်တည်း နဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘူး မဆို လိုပါဘူး ဖြေးဖြေးချင်း ပြင်သွားဘို့ပါ တကယ့်စေတနာနဲ့ တင်ပြခြင်း ဖြစ် ပါတယ်။ဟန်ချက်ညီ ကကြိုးတွေပြောင်း နေချိန်၊ စနစ်တစ်ခုမှတစ်ခုသို့ ပြောင်း လဲချိန်တွင် “ကိုယ်တိုင်လိုက်ပါ ပြောင်းလဲခြင်း”  ကို နားလည် လက်ခံ ကျင့်သုံးနိုင်ပါမှ အောင်မြင်မည်ဟု ယုံ ကြည်မိပါသည်။ အစိုးရဆိုတာ အစက ရိုးတယ်ဆိုခဲ့သော စကားစုလိုပင် “ဟုတ် ကဲ့” ” အမှန်ပဲ့”  ” သင့်မြတ်ကြောင်းပါ”  ” ဘုန်းတော်ကြောင့်” ဆိုတဲ့မြှောက်ပင့် ကော်ရော်သော စကားရပ်တွေမှာရစ်မူးပြီး လမ်းခွဲသွားမှာကို အထူးစိုးရိမ်းမိပါသည်။
မကြာခင်က ဒေါ်အောင်ဆန်းစု ကြည် ပြောတဲ့စကားလေးတစ်ခု (ဘယ် ဂျာနယ်မှာလဲတော့ မမှတ်မိတော့ပါ)               ” အစိုးရကို လမ်းကြောင်းမှားနေရင် တည့် ပေးဖို့ဆိုတာ ပြည်သူမှာလည်း တာဝန်ရှိ တယ်”  တဲ့ အရမ်းကို ဒီမိုကရေစီကျတဲ့ စကားရပ်မို့ ရင်ဘတ်ထဲထည့်ပြီး စေတနာ နဲ့ရေးမိကြောင်းပါဗျာ။
စားဖိုးသောက်ဖို့ ကြိုဆိုဖို့က အဓိကလား။ တွေ့ဆုံပွဲအတွက် လိုအပ် ချက်များကို ရှုထောင့်မျိုးစုံ၊ အလွှာမျိုးစုံမှ ရေရေ ရာရာတင်ပြသူများကို စုဆောင်း ဖို့။ အသိပေး ဖိတ်ကြားဖို့က အဓိက လား။” တစ်နေရာ တစ်နေရာကို လာဖို့ဆို တာ အလှည့်ကျဖို့ ဆိုတာ မလွယ်ကူလှပါ ဘူးရှင် လာတုန်းအကျိုးရှိရှိ တန်ဖိုးရှိရှိတင်ပြကြပါ” လို့ လမ်းဖွင့်ကြိုဆိုတဲ့ စကားနှင့် ကမ်းလှမ်းခဲ့ပေမယ့်.. တိုင် သလို တောသလိုမျိုး တင်ပြသူ တင်ပြ ခုတ်ရာတစ်ခြား ရှရာတစ်ခြားနှင့် အိုးနင်းခွက်နင်း စာပြောသူကတစ်မျိုး..ပါဝင်လာလျှင် တန်းဖိုးကြီးအချိန်များ ဒေသနှင့် လိုက်လျောညီထွေ ပြုပြင် ဖန်တီး တောင်းဆိုနိုင်သူများ၊ စိတ်ကူး ကောင်းသူများကို ကြိုတင်လေ့လာစု ဆောင်းထားသင့်ပါသည်။ ဝန်ကြီးချုပ် သာ ပြန်သွားသည် အရေမရအဖတ်မရ စကားများတင်ပြရင်း အချိန်ကုန်သွား လျှင် မိမိဒေသအတွက် နစ်နာနိုင်သည်ကို သင်ဆိုင်သူများ ဂရုပြုသင့်ပါတယ်ဗျာ။
ဘာပဲပြောပြော အဲဒီနေ့ (၁၉.၈.၂ ၀၁၆) က မေတ္တာမြို့ကအပြန်မှာ ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် တောင်သုံးလုံးဒေသ အ.ထ.က(ခွဲ)ကို ဝင်ကြည့်ရာတွင် န၀ မတန်းအတွက် ဒေသထွက် တောသစ်နှင့် တောင်တန်းဖက်များကို အသုံးပြုဖွဲ့စည်း ထားတဲ့  ကျောင်းဆောင်သစ်ကို မြင် တွေ့လိုက်သောအခါ ဝန်ကြီးချုပ်ရဲ့ ရင်ဘတ်ထဲမှာ လာကတည်းက ပါလာတဲ့ စေတနာတွေကို ဂရုဏာနဲ့ပေါင်းပြီး တောင်သုံးလုံး ထ.ခွဲ”  အတွက် ပေ ၃ဝဍ္ဍ၇၀ နှစ်ထပ် ကျောင်းဆောင်သစ်တစ်ခု အမြန်တင်ပေးဘို့ စီမံဆောင်ရွက်လိုက်.. တာတစ်ရွာလုံး… ဝမ်းသာလို့မဆုံး၏… ပါဘဲ။

 
ဒီလိုနဲ့ လူကြီးလမ်းကြောင့်းလည် ဘက်ပြန်ထွက်သွားလိုက်ကြတာ ဟုတ်ပါ ရဲ့ သူတို့ရဲ့နောက်မှာ ညကလာတဲ့ဆိုင် ကယ်နဲ့ အဖွဲ့တွေလည်း(တချို့သော)  ဥဩငှက်လေးတွေလို ပျံသန်းကွယ် ပျောက်သွားကြလေရဲ့။