ထိုင်းသွားမည့် ငါးဖမ်းလှေများ သတင်းပို့ပါ

0
392

ကော့သောင်းခရိုင်အတွင်းရှိ ငါးဖမ်းစက်လှေများ ထိုင်းနိုင်ငံရနောင်းသို့ သွားပါက အဝင်အထွက် အချိန်များကို ရေကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ ပြီးမှ သွားလာရန် ထုတ်ပြန်ထားကြောင်း ရေကြောင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး အောင် ဇော်မြင့်က ပြောသည်။


ပင်လယ်ပြင်တွင်အန္တရာယ် တစ်စုံ တစ်ရာ ကြုံတွေ့ရပါက အချိန်မီ ရှာဖွေ ကယ်ဆယ်မှု ပြုလုပ်ပေးနိုင်ရန် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ” ပြသနာတော့ မရှိပါဘူး၊ ကိုယ် အသိပေးဖို့သွားတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းက အချိန်ပြည့် တာဝန်ထမ်းဆောင်ပြီး ရှိနေပေးဖို့ပဲ လိုတာပါ” ဟု ငါးလှေပိုင်ရှင် ဦးဝင်းနိုင်က ဆိုသည်။

 
ယခင်က ရနောင်းငါးရောင်းသွား လျှင်အကောက်ခွန်တွင်  လက်မှတ်ထိုးပြီး ဝင်ရသော်လည်း ယခုအခါ ရေကြောင်း ရဲတပ်ဖွဲ့ကိုပါ သတင်းပို့ရမည်ဖြစ်သည်။