သမုတ်အုပ်ချုပ်ရေးမှူး ညဘက် ချောင်းရိုက်ခံရ၊ တရားခံ ဖမ်းမမိသေး

0
816

မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ် ချုပ်ရေးမှူး ဦးထိန်လင်းအင်သည် ဩ ဂုတ်လ ၆ ရက် ည ၁၀ နာရီခန့်အချိန်က အမည်မသိလူတစ်ဦးက လာရောက်၍ ချောင်းမြောင်း ရိုက်နှက်သည်ကို ခံခဲ့ရ သည်။


၎င်းသည် အပေါ့အပါး သွားရန် အိမ်အောက်ထပ်သို့ ခဏဆင်းစဉ် အ မှောင်ထဲမှ လူတစ်ဦးက လာရောက်ပြီး ရိုက်နှက်သွားကြောင်း ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားပြီးပြီးချင်း သက် ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခဲ့သော် လည်း တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသည့်အတွက် ဩဂုတ်လ  ၉ ရက်တွင် သမုတ်ရဲစခန်း၌ အမှုဖွင့် ထားသည်ကို ပြန်လည်ပိတ်သိမ်းခဲ့ သည်ဟု ရိုက်နှက်ခံရသည့် ဦးထိန်လင်း အင်က ပြောသည်။