ဆေးဆိုင်များကို တိုင်းလုံးကျွတ် တစ်ပြိုင်တည်း စစ်မည်

0
476

တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုစလုံးရှိ ဆေးဆိုင်များအား ယခုလ အတွင်း တစ်ပြိုင်တည်း စစ်ဆေးသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီးအစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။


ပြီးခဲ့သည့် လများက ပညာပေး လုပ်ငန်းများ ပြုလုပ်ထားပြီး ဖြစ်သည့် အတွက် ဆေးဆိုင်များတွင် ရောင်းချနေ သည့် လိုင်စင်မဲ့ဆေးဝါး၊ သက်တမ်း လွန်ဆေးဝါးနှင့် စပ်ဆေးရောင်းချနေ သည့် ဆိုင်များကို စစ်ဆေးသွားမည်ဖြစ် ကြောင်း  တိုင်းဒေသကြီး  အစားအသောက် နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။

 
” ဝင်စစ်လို့ တွေ့ရင် ကော်မတီက အရေးယူမှုတွေ လုပ်ဆောင်သွားမယ်” ဟု တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဟိန်းမင်း ထက်အောင်က ပြောသည်။
ဆေးဆိုင်ရောင်းချသည့်ဆိုင်များကို လိုင်စင်ထုတ်ပေးရာတွင် ဖြေလျော့မှု အချို့ လုပ်ဆောင်မည်ဟု ၎င်းက ဆို သည်။
ဆေးဆိုင်များကို အမြဲတမ်းပုံမှန် စစ်ဆေးပေးနိုင်ပါက ပိုကောင်းမည် ဖြစ်ပြီး မှတ်ပုံတင်ထားသည့် ဆေးများ သာ ရောင်းချမည် ဖြစ်သည့်အတွက် ပြည်သူများအတွက် စိတ်ချရမည်ဖြစ် ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင် ကြီးတစ်ဆိုင်၏ ပိုင်ရှင်ဖြစ်သူက ဆို သည်။
” လက်ရှိတော့ ဆိုင်တွေမှာ လိုင် စင်မဲ့ဆေးတွေ တော်တော်များများ မရှိ တော့ဘူး”  ဟု အဆိုပါ ဆေးဆိုင်ပိုင်ရှင်က ပြောသည်။
တိုင်းအတွင်းနေ ပြည်သူအများစု မှာ ကျန်းမာရေးနှင့်ပတ်သက်၍ စပ်ဆေး ကို အဓိက အားထားနေဆဲဖြစ်သည်။