ဆေးဖြတ်လိုက ရပ် /ကျေး အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းပေးပါ

0
418

မြိတ်ခရိုင်အတွင်းရှိ မူးယစ်ဆေးဝါး စွဲနေသူများ ဆေးဖြတ်လိုပါက ရက် ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု – ရဲမှူး ကြီး တင်ထွန်းက ပြောသည်။


အုပ်ချုပ်ရေးမှူးရုံးအပြင် မြိတ်၊ ကျွန်းစု၊ ပုလောနှင့် တနင်္သာရီမြို့နယ် များရှိ နယ်မြေရဲကင်းရုံးများတွင်လည်း စာရင်းပေးသွင်း နိုင်သည်ဟု ဒုရဲမှူးက ပြောသည်။” သက်ဆိုင်ရာ မြို့နယ်အလိုက် ဆေးဖြတ်လိုသူတွေကို မြိတ်ပြည်သူ ဆေးရုံကြီးမှာ ပြင်ပလူနာအဖြစ် ဆေး ကုသခွင့်ပေးမယ်” ဟု ဒုရဲမှူးတင်ထွန်း က ဆိုသည်။
လက်ရှိတွင် စာရင်းစတင်ပေးသွင်း နေကြပြီဖြစ်ပြီး ဆေးဖြတ်လိုသူများ သည်၊ အုပ်ထိန်းသူများမှ တဆင့် အမှန် တကယ် ဆေးစွဲနေကြောင်း သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် နယ် မြေရဲကင်းရုံးများတွင် ထောက်ခံချက်များ ရယူရမည် ဖြစ်ကြောင်း ရဲမှူးက ရှင်းပြ သည်။

 
မြိတ်ခရိုင်းအတွင်း ကျွန်းစုမြို့နယ်ရှိ ပင်လယ်ကျေးရွာတချို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အများဆုံးဖြစ်ကြောင်း မြိတ် ခရိုင်မှုခင်း မှတ်တမ်းများအရ သိရသည်။