ပုလောတွင် အကောက်ခွန်မဲ့ ဆိုင်ကယ် ၁၂ စီး ဖမ်းဆီးရမိ

0
417

ပုလောမြို့နယ်၊ ပုလော တံတား တွင် ဩဂုတ်လ ၂ ရက်က မောတောင် ဘက်မှ တင်ဆောင်လာသည့် အကောက် ခွန်မဲ့ ဆိုင်ကယ် ၁၂ စီးကို ဖမ်းဆီး ရမိခဲ့ကြောင်း ပုလောမြို့မ ရဲစခန်းရုံးမှ သိရသည်။


ယင်းနေ့ ည ၁၀ နာရီခွဲခန့်တွင် အဖွဲ့ပေါင်းစုံဖြင့် ယာဉ်များကို စစ်ဆေး စဉ် ဖမ်းမိခြင်းဖြစ်ပြီး မောတောင်မှ တစ်ဆင့် မြိတ်မြို့မှ မြ၀တီမြို့သို့ ပို့ ဆောင်ရန် တင်ဆောင်ခြင်းဖြစ်သည်ဟု ပုလောမြို့မ ရဲစခန်းမှူး ဒုရဲမှူး စောနိုင်ဦး က ရှင်းပြသည်။

without_cycle
မော်တော်ကားပေါ်တွင် SCOO -PY-I  အမျိုးအစား မော်တော် ဆိုင်ကယ် အဖြူရောင် ၁ စီး၊ အနက်ရောင် ၆ စီး၊ အစိမ်းရောင် ၁ စီး၊ အနီရောင် ၁ စီး၊ ပန်းရောင် ၂စီး၊ အပြာရောင် ၁ စီး၊ စုစုပေါင်း ၁၂ စီးကို ဖမ်းဆီးခဲ့သည်ဟု ဒုရဲမှူးစောနိုင်ဦးက ပြောသည်။

 
အဆိုပါ အကောက်ခွန်မဲ့ တရား မဝင် ဆိုင်ကယ်များအား တင်ဆောင် လာသူ ဦးမင်းခင်ရွှေ (၄၉) နှစ်၊ အာရှလမ်း၊ မြ၀တီမြို့ နေထိုင်သူအား ဥပဒေအရ ပုလောမြို့မရဲစခန်းမှ (ပ) ၁၈၁/၂၀၁၆၊ ပို./သွင်းပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။