ဒေသဖွံ့ ဖြိုးရေး မလုပ်ပေးဟုဆိုကာ စွမ်းအင်ကုမ္ပဏီ ၃ ခုကို ဆန္ဒပြ

0
465

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မလုပ် ပေးသောကြောင့်ဟုဆိုကာ ထားဝယ် ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အခြေစိုက်စွမ်းအင် ကုမ္ပဏီ ၃ ခုကို ဒေသခံများက ဩဂုတ်လ ၄ ရက် နံနက် ပိုင်းတွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။


ကံပေါက်ဒေသအနီး အုန်းပင်ကွင်း ကျေးရွာ အခြေစိုက်သည့် TOTAL ကုမ္ပဏီ၊ Petronus ကုမ္ပဏီနှင့် PTTEPI ကုမ္ပဏီတို့ကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ မလုပ်ပေးခြင်း၊ ဒေသ အကျိုးစီးပွားကို လစ်လျစ်ရှုခြင်း၊ ဒေသ ခံများ၏ ဒုက္ခများကို မျက်ကွယ်ပြုခြင်း တို့ကြောင့် ဆန္ဒထုတ်ဖော် ရခြင်းဖြစ် ကြောင်း ဆန္ဒပြသူများက ဆိုသည်။

TPP
“ကျေးရွာရဲ့ လိုအပ်တာတွေ တောင်းတယ်။ ဘာတစ်ခုမှ မရဘူး။ အစိုးရကို မလုပ်ပေးစေချင်ဘူး။ တိုတယ် နဲ့ အပေါင်းအပါ ကုမ္ပဏီနှစ်ခုက စီးပွား ရှာနေတယ်။ ဒါကြောင့် သူတို့ကို လုပ် ခိုင်းချင်တယ်။ မလုပ်ပေးလို့ ဆန္ဒထုတ် ဖော်တာ” ဟု ဦးဆောင်သူ ၈၈ ငြိမ်း၊ပွင့်မှ ဦးမျိုးအောင်က ပြောသည်။
ဆရာများနေထိုင်ရန် ဝန်ထမ်းအိမ် ရာ၊ စာသင်ကျောင်း သွပ်မိုးပေးရန်၊ လမ်းစသဖြင့် တောင်းဆိုသော်လည်း ကုမ္ပဏီများက လုပ်ဆောင်ခဲ့ပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က အုန်းပင်ကွင်းရွာ၊ ပယကျေးရွာနှင့် ကံ ပေါက်ဒေသသို့ ဆက်သွယ်ထား သည့် ကျေးရွာချင်း ဆက်လမ်းရှိ အရှည်ပေ ၃၀ကျော်ရှိ ရေပြွန်တံတားမှာ ရေပြွန် ပိတ်ကာ ပြိုကျပျက်စီးသွားခဲ့သည်။
သို့သော် အဆိုပါတံတားကိုလည်း လက်ရှိအချိန်ထိ အဆိုပါကုမ္ပဏီ သုံးခုမှ တည်ဆောက်ပေးခြင်း မရှိသည့်အတွက် ကျောင်းသူကျောင်းသားများ အပါအဝင် ဒေသခံများမှာ ယာယီဝါးတံတားပြုလုပ် ကာသွားလာနေရကြောင်း ဦးမျိုးအောင် က ပြောသည်။
“ပြတ်ကျသွားတဲ့ တံတားကြီးက မီးမွှေးပေးလိုက်သလိုပါပဲ။ ဒီတံတားကို လည်း သူတို့မလုပ်ပေးဘူး” ဟု ၎င်းက ဆိုသည်။
ဒေသခံများဆန္ဒထုတ်ဖော်မည့် ကုမ္ပဏီ ၃ ခုမှ တစ်ခုဖြစ်သည့် တိုတယ် မြန်မာကုမ္ပဏီအား ဆက်သွယ်မေးမြန်း ရာ တိုတယ် မြန်မာကုမ္ပဏီအနေဖြင့် ရတနာစီမံကိန်း စတင်သည့်အချိန်မှ နှစ် ၂၀ ကျော်အတွင်း ဒေသခံများ၏ဖွံ့ဖြိုး ရေးကို အစဉ်အမြဲ ရှေးရှုဆောင်ရွက်ခဲ့ ကြောင်း ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ က အီးမေလ်းမှတစ်ဆင့် ပြန်လည်ဖြေ ကြားခဲ့သည်။
၎င်းအပြင် ပိုက်လိုင်းဒေသရှိရွာ ၃၃ ရွာ၊ လူဦးရေ ၄၀၀၀၀ ခန့်ကို အကျိုး ပြုလျက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေး ကော် မတီများနှင့် စဉ်ဆက်မပြတ်ဆွေးနွေးတိုင် ပင်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း အထွေထွေ မန်နေဂျာ၏ ဖြေကြားချက်တွင် ပါရှိသည်။

 
သို့သော် တိုတယ်မြန်မာသည် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် အတွက် အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်တိုင်း၊ လိုအပ်ချက် အသစ်ပေါ်ပေါက်တိုင်း အထူးသဖြင့် နိုင်ငံတော်မှဆောင်ရွက်ရ မည့် အခြေခံ အဆောက်အဦဖြစ်သည့် တံတားတည်ဆောက်ခြင်း လုပ်ငန်း မျိုးကို အလိုအလျောက်(အမြဲတစေ)ဖြည့်စွမ်းပေးရန် ဖြစ်နိုင်မည်မဟုတ် ကြောင်း ၎င်းက ပြန်လည်ဖြေကြားခဲ့ သည်။
အဆိုပါကုမ္ပဏီ ၃ ခုကို စီမံကိန်း များ၏ လူမှုရေးတာဝန်ယူမှုလုပ်ငန်းများ (CSR) နှင့် ပက်သက်၍ ပွင့်လင်းမြင် သာမှုမရှိဟူ၍လည်း ဒေသခံများက ဝေဖန်လျက်ရှိသည်။