ရွှေဈေး အတက်ကြမ်းသဖြင့် ဝယ်သူနည်းပါး

0
504

မြန်မာ့ပြည်တွင်း ဈေးကွက်တွင် ဇွန်လကုန်ခန့်မှစ၍ ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်သွားသဖြင့် ရွှေအဝယ်နည်းပါး သွားသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်ကာ တစ် ကျပ်သားလျှင် ကျပ်ခုနစ်သိန်းကျော်မှ မြောက်တက်ခဲ့သည့် ရွှေဈေးမှာဇူလိုင်လ ၁၄ ရက်တွင် အခေါက်ရွှေတစ်ကျပ် သားလျှင် ကျပ် ၈၃၅၀၀၀ အထိဈေး ပျောက်နေသည်။


“ဈေးကတော့ မမှန်းရဲဘူး။ ဆက် တက်မယ်လို့ မှန်းတဲ့သူရှိသလိုဈေးကျ မယ်လို့မှန်းတဲ့ သူတွေလည်းရှိတယ် ” ဟု ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး အရှေ့ဘက်ရှိရွှေဆိုင်လုပ်ငန်းရှင် တစ်ဦး ကဆိုသည်။ယမန်နှစ် မိုးရာသီတွင်အရောင်းအဝယ်ပုံမှန်ရှိသော်လည်း လက်ရှိအချိန် တွင်အရောင်းအဝယ် မရှိသလောက်နည်း ပါးနေကြောင်း ထားဝယ်မြို့စည်ပင်သာ ယာဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။

 
“ရောင်းဝယ်တဲ့ သူမရှိတော့ ဆိုင် ခင်း၊ တစ်နေ့လုံးတီဗွီကြည့်ပြီး အိမ်ပြန် တာပဲ” ဟု အဆိုပါရွှေဆိုင်ပိုင်ရှင် က ပြောသည်။
လက်ရှိ ထားဝယ် ဈေးကွက်တွင်၁၄ ပဲ၁၅ပဲရည်တစ်ကျပ်သားလျှင်၇၉၀၀၀၀ ကျပ်၊ ရှမ်း (ထိုင်း) ရွှေတစ်ကျပ်သား လျှင် ကျပ် ၇၂၀၀၀၀နှင့် အခေါက်ရွှေတစ် ကျပ် သားလျှင် ၈၃၅၀၀၀ကျပ် အထိဈေး ရှိနေပြီး ရွှေဖြူ (အီတလီ၇၅၀) ၁ ဂရမ် လျှင် ကျပ် ၅၀၀၀၀ ပေါက်ဈေး ရှိ သည်။