မိုးရာသီအထိ အဝီစိတွင်းတူးအဖွဲ့များ အလုပ်ဖြစ်ဆဲ

0
544

ယခင်က ပွင့်လင်းရာသီနှင့် နွေ ရာသီတွင်သာ အလုပ်ဖြစ်သည့် အဝီစိ တွင်းတူးသည့် အဖွဲ့များ ယခုနှစ်တွင် မိုးရာသီရောက် သည်အထိ တူးရဆဲ ဖြစ်သည်ဟု အဝီစိတွင်း တူးဖော်ရေး ဝန်ဆောင်မှု ပေးနေသူများထံမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင်  ရာသီဥတုပူပြင်း၍ မြိတ် မြို့ပေါ်ရပ်ကွက်များတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့ခဲ့ရသည့်အတွက် လာမည့်နှစ်များတွင် ရေအခက်အခဲ မဖြစ်စေရန် ယင်းသို့ တူးလာကြခြင်း ဖြစ်သည်ဟု သိရသည်။
myeik_well” မြို့ပေါ် ရပ်ကွက်တွေမှာ အချိန် ပြည့် လျှပ်စစ်မီး ရရှိနေတော့ ရေစက် ခုတ်မောင်းရ လွယ်လွယ်ကူကူ ရလာလို့ အိမ်သုံးအဝီစိတွင်း တူးတာများလာ တာပါ” ဟု လုပ်သက် နှစ် ၃၀ နီးပါး ရှိ အဝီစိတွင်း တူးဖော်ရေးလုပ်ငန်း ဝန်ဆောင်မှုပေးနေသူ မြိတ်တောင် ကျေးရွာ တရုတ်တန်းရပ်ကွက်နေ ဦးရွှေ စိုးက ပြောသည်။
ပုံမှန်အားဖြင့် တစ်လလျှင် ရေ တွင်း ၁ တွင်း၊ ၂ တွင်းခန့်သာ တူးရ လေ့ရှိသော်လည်း ယခုနှစ်တွင် တစ်လ လျှင် ၃ တွင်းမှ ၄ တွင်းအထိ တူးဖော် ရသည်ဟု ဦးရွှေစိုးက ပြောသည်။မြိတ်မြို့တွင်အဝီစိတွင်း တူးဖော် သူ အဖွဲ့ ၃၀ နီးပါးရှိကြောင်း သိရ သည်။