ဘောပင်ကိုင်လျက် ရိုက်နက်ဆုံးမ မိ၍ ၈ တန်းကျောင်းသား ခေါင်းပေါက်

0
623

မြိတ်မြို့နယ် ကဟန်းကျေးရွာအုပ်စု တောင်ဖီလာကျေးရွာရှိ အထက်တန်း ကျောင်းခွဲတွင် ဇွန်လ ၂၂ ရက်က ရှစ် တန်း ကျောင်းသားတစ်ဦးအား ကျောင်း အုပ်ဆရာမကြီးက ရိုက်နှက်ဆုံးမသည့် အတွက် ခေါင်းပေါက် သွားကြောင်း ကျောင်းသားမိခင်နှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ထံတို့မှ သိရသည်။


ဦးခေါင်းနောက်စိတွင် ပေါက် သွားခြင်းဖြစ်ပြီး လက်ဖြင့် ခံလိုက်သည့် အတွက် လက်လည်း ပေါက်သွားသည်ဟု ကျောင်းသား၏ မိခင် ဒေါ်ကြည်သန်းက ပြောသည်။ရှစ်တန်းကျောင်းသားဖြစ်သူ မောင်မင်းသုခ၏ ဦးခေါင်းနှင့် လက်တို့ တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ရွာရှိ ကျန်း မာရေးမှူးတို့နှင့် ဆေးဝါးကုသခဲ့သော် လည်း မသက်သာခဲ့သည့်အတွက် ဇွန် ၂၃ ရက်တွင် မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသခဲ့ရကြောင်း ကျောင်းသား ၏ မိခင်ဒေါ်ကြည်သန်းက ပြောပြသည်။အတန်းထဲ ဆူညံနေသည်ကို  ဝင် ထိန်းပေးရင်း ယခုကဲ့သို့ ဖြစ်ပွားခဲ့ရ ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ် သန်းသန်းဌေးက ပြောသည်။
” ကလေးတွေကို ထိုင်ကြတော့ ပြောတော့ ကလေးတွေ ထိုင်ကြတယ်။ ဒီတစ်ယောက်က မထိုင်ဘူး မတ်တပ်ရပ် နေတယ်။ စာရေးနေတဲ့အချိန်ဖြစ်တော့ ဘောပင်ပါသွားခဲ့တာပါ၊ ရှပ်ထိသွား သလိုထင်တော့ အဲသည်လောက်ဖြစ်မယ်လို့ မထင်ထားဘူး” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဋ္ဌေးက ပြောသည်။ယင်းကိစ္စကို ဇွန်လ ၂၄ ရက်တွင် မြိတ်မြို့နယ် ဒုမြို့နယ်ပညာရေးမှူးမှ ကျောင်းသားမိဘနှင့် ပြေလည်ရန် သွား ရောက် ဆွေးနွေးခဲ့သော်လည်း ကျောင်း သားမိခင်ဖြစ်သူက လက်ခံခဲ့ခြင်း မရှိ ကြောင်း မြိတ်မြို့နယ် ပညာရေးမှူး ဦးဋ္ဌေးလွင်က ပြောသည်။
“ကျောင်းအုပ်ဆရာမကြီးကို ချက် ချင်းပြောင်းခိုင်းတာမျိုးက မဖြစ်နိုင်ဘူး။ ဆရာမကြီးက ပြောင်းရွှေ့တင်ထားပြီး သားဖြစ်တဲ့အတွက် ကျောင်းသားကို အခြားကျောင်းတစ်ခုမှ ခဏထားထား မယ်။ ဆရာမကြီး ပြောင်းရွှေ့ ကျလာ ချိန်ကျရင် ကျောင်းသားကို ဒီကျောင်းမှ ပြန်တက်ခိုင်းမယ်လို့ ပြောတာကို လက် မခံဘူး” ဟု ပညာရေးမှူး ဦးဋ္ဌေးလွင် က ပြောသည်။
ကျောင်းသားမိခင်ဖြစ်သူကမူ ကျောင်းအုပ်ဆရာမကြီးအား ချက်ခြင်း ပြောင်းရွှေ့ပေးရန် တောင်းဆိုသည်။
“ကျောင်းသားက ကြောက်စိတ်တွေ ဝင်နေတော့ ကျောင်းပြန်တက်ဖို့အတွက် ဆရာမကြီးမရှိမှဘဲ ဖြစ်မယ်” ဟု ဒေါ် ကြည်သန်းက ပြောပြသည်။
အဆိုပါ ကိစ္စအား တိုင်းပညာရေး မှူးမှ ထိရောက်စွာကူညီဆောင်ရွက်ပေး ပါရန် ဇွန်လ ၃၀ ရက်တွင် စာဖြင့် တင်ပြထားကြောင်း ကျောင်းသားမိခင် နှင့် အဒေါ်ဖြစ်သူ ဒေါ်မိထွေးထံတို့ထံမှ သိရသည်။