တရားဝင်ငါးဖမ်းဆီး အသိအမှတ် ပြုလက်မှတ် ထုတ်ပေးမည်

0
490

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်ပသို့ တင်ပို့မည် ငါးပုစွန်များ အတွက် မြန်မာနိုင်ငံ တရားဝင်ငါး ဖမ်းဆီးခြင်း အသိအမှတ်ပြု လက်မှတ် (Catch Certificate of Myanmar) ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြိတ် ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးစိန်သောင်းထံမှ သိရသည်။


အဆိုပါ လက်မှတ်များကို ဇူလိုင် လအတွင်း ထုတ်ပေးရန် စီစဉ်ထားသည် ဟု ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်ရုံးချုပ် မှ ဒုညွှန်ကြားရေးမှူး ဒေါ်နီလာကြွယ်က ပြောသည်။ ” ဇူလိုင်အတွင်း ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ငါးဖမ်းလှေနှင့် ငါး ကဲ့လှေတွေကို သင်တန်းပေးရအုံးမယ်” ဟု ဒေါ်နီလာကြွယ်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို ထိုင်း နိုင်ငံ ရနောင်းမြို့ရှိ ငါးအဝယ်ဒိုင်များကို အဓိက သွားရောက် ရောင်းချနေရကြောင်း ငါးဖမ်းလှေအသိုင်းအဝိုင်းမှ သိရသည်။ပြည်ပသို့ သွားရောက်ရောင်းချမည့် ငါးပုစွန်များကို ဖမ်းဆီးသည့် ငါးဖမ်းကွက်၊ ငါးဖမ်းလှေအမျိုးအစား၊ စစ်ဆေးခံလာ သည့်ကုန်တန်ချိန်၊ ငါးအမျိုးအစား၊ စစ် ဆေးခံလာသည့် ဆိပ်ကမ်း၊ ရေယာဉ်အမည်၊ ငါးဖမ်းလိုင်စင်အမှတ်၊ ရေကြောင်းဂရန် အမှတ်၊ ငါးဖမ်းသည့် နေ့ရက်၊ ဖမ်းမိ သည့် ငါးအမျိုးအစား၊ ကုန်ချိန်၊ ရေ ယာဉ်မှူးလက်မှတ်တို့ ပါရှိရမည်ဖြစ်ကာ ယင်းအချက် အလက်များကို သက်ဆိုင် ရာ တာဝန်ယူထားသည့် ဌာန တာဝန်ရှိ သူတစ်ဦးက လက်မှတ်ထိုးပေးရမည် ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံကို EU က တရားမဝင် ငါးဖမ်းငါးဝယ်ယူမှုနှင့် ရေလုပ်သားအပေါ် ခေါင်းပုံဖြတ်ခြင်းကြောင့် သတိပေး ထားပြီးနောက် ဇွန်လလယ်မှစပြီး မြန်မာ ငါးရောင်းလှေများကို စစ်ဆေးကြပ်မတ် မှုများ စတင် လုပ်ဆောင်နေခြင်း ဖြစ် ကြောင်း သိရသည်။
ငါးဖမ်းရေယာဉ်များမှ ဖမ်းဆီးမိ သည့် ငါး၊ ပုစွန်များကို ဥရောပနိုင်ငံ များသို့ဖြစ်စေ၊ တတိယနိုင်ငံများသို့ ဖြစ်စေ တင်ပို့နိုင်ရေးအတွက် Catch Certificate တောင်းခံလာပါက Competent  Authority  ဖြစ်သည့် ငါးလုပ်ငန်းဦးစီးဋ္ဌာနက တာဝန်ပေးအပ် ထားသူမှတစ်ဆင့် လက်မှတ်ရေးထိုးထုတ် ပေးရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ သိရသည်။